images
UN
UN
မင်းကင်းမြို့တွင် စကားများရန်ဖြစ်ပြီး ဓားဦးချွန်ဖြင့်ထိုးရာမှ လူသတ်မှုဖြစ်ပွား
ချင်းတွင်းသား Thursday, 10 January 2019
စစ်ကိုင်းတိုင်းဒေသကြီးကလေး ခရိုင် မင်းကင်းမြို့ အမှတ်(၂)ရပ် ကွက် ရွှေလက်ရာစားသောက်ဆိုင် တွင် ယမန်နေ့ ည ၈ နာရီခွဲက အရက်သောက်နေစဉ် စကားများ ရန်ဖြစ်ပြီး ဓားဦးချွန်ဖြင့်ထိုးရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ မင်းကင်းမြို့ ရွှေ လက်ရာစားသောက်ဆိုင်တွင်စိုးဝင်း သူ(၃၂နှစ်)နှင့်စောဝင်းထွဋ်(၂၇နှစ်) တို့သည် အရက်သောက်နေစဉ် ဆိုင်အတွင်း အရက်သောက်နေ သော အမည်မသိသူ တစ်ဦးနှင့် စကားများခဲ့သည်။ ၄င်းတို့ဆိုင်မှ အထွက်တွင်လည်း ထပ်မံစကား များရန်ဖြစ်ခဲ့ရာ အမည်မသိလူက ၄င်းလွယ်ထားသော အိတ်အတွင်း ရှိ အရိုးသုံးလက်မ၊ အသွား သုံး လက်မခန့်ရှိဓားဦးချွန်ဓားမြှောင်အား ထုတ်ယူပြီးထိုးသဖြင့် စိုးဝင်းသူ တွင် လည်ပင်းဝဲဘက် ထိုးသွင်း ဒဏ်ရာတစ်ချက်၊လည်ပင်းရှေ့တည့် တည့်ထိုးသွင်းဒဏ်ရာတစ်ချက်၊ နှာခေါင်းဝဲဘက် ဘေးထိုးသွင်း ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲဘက် ပါးရိုးဘေးထိုးသွင်းဒဏ်ရာတစ်ချက် (စိုးရိမ်ရ) နှင့် စောဝင်းထွဋ်တွင် လည်ပင်းယာဘက်ဘေး ပြတ်ရှ ဒဏ်ရာတစ်ချက် (မစိုးရိမ်ရ)တို့ဖြင့် ဒဏ်ရာများရရှိခဲ့သည်။ ဓားဖြင့် ထိုးသူမှာ ထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေ ဖမ်းဆီးရာ ဓားဖြင့်ထိုးသူ ကြီးတန် (၃၉နှစ်)အား သက်သေခံဓားဦးချွန် နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ စိုးဝင်းသူမှာ ရရှိသောဒဏ်ရာဖြင့် ည ၈ နာရီ ၄၅ မိနစ်တွင် သေဆုံး သွားခဲ့ပြီး စောဝင်းထွဋ်ကလည်း အတွင်းလူနာအဖြစ် ဆေးဝါးကုသ မှုခံယူနေရသည်။ ထို့ကြောင့် ဓားဦးချွန်ဖြင့်ထိုးသူ ကြီးတန်အား ဥပဒေအရ အရေးယူပေးရန် စိုးဝင်း သူ၏ ဖခင်ဖြစ်သူ ဦးမြတ်စိုးက တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မင်းကင်းမြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ဝင်းထွန်းက စစ်ဆေးပြီး (ပ)၃ဝ/၂ဝ၁၉၊ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၂၆/၃ဝ၂ အရ အမှုအား ခိုင်မာစွာတည်ဆောက်၍ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။