images
UN
UN
ခရီးသည်တင်ယာဉ်နှင့်လိုက်ပါလာသူနှစ်ဦးထံမှ ဘိန်းစိမ်းများရှာဖွေဖမ်းဆီးရမိ
ဘိုဘို(မလှိုင်) Thursday, 10 January 2019
တောင်ကြီး-မိတ္ထီလာသွား ကားလမ်း၌ ယမန်နေ့ ညနေ ၄နာရီ မိနစ်၂ဝတွင် သတင်းအရရှာဖွေ စစ်ဆေးရာ ယာဉ်ပေါ်တွင်လိုက်ပါ လာသော ခရီးသည်နှစ်ဦးထံမှ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာမူးယစ်ဆေးဝါးသတင်း အရ အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စု (မန္တလေး)မှ ရဲအုပ်ဗိုလ်ရဲဦးစီးသော အဖွဲ့ဝင်များ၊ သာစည်မြို့မ ရဲစခန်းမှ ရဲအုပ်ရွှေနု ဦးစီးသော အဖွဲ့ဝင်များက သက်သေများနှင့် အတူ တောင်ကြီး-မိတ္ထီလာသွား ကားလမ်း ယင်းမာပင်ကျေးရွာ အနီး မိုင်တိုင်အမှတ် ၃၈/၃ နှင့် ၃၈/၄ အကြား၌ မော်တော်ယာဉ် များကိုရပ်တန့်ရှာဖွေစစ်ဆေးနေစဉ် တောင်ကြီးဘက်မှသာစည်ဘက်သို့ ယာဉ်မောင်းအောင်ခင်ဆင့်(၃၂နှစ်) လွိုင်ကော်မြို့နေသူ မောင်းနှင်လာ သော ဘာဒိုွးွGROUPလွိုင်ကော်- မကွေး ယာဉ်လိုင်းအမှတ်KYH 1H/---- ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ခုံအမှတ်(၉) တွင်လိုက်ပါလာသူ ဘိုရွှေ(၂၄နှစ်) မကွေးတိုင်းဒေသကြီးဖော့ကားမြို့ ငဖဲရွာနေသူ၏I-max တံဆိပ်ပါ အပြာရောင် ကျောပိုးအိတ်အတွင်း ဘိန်းစိမ်းဟုယူဆရသော အမည်း ရောင် အစေ့အလေးချိန် ၆၂၅ ဂရမ် တစ်ဂရမ်လျှင်ခန့်မှန်းကာလတန်ဖိုး ငွေကျပ် ၁၅ဝဝ ဖြင့် စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၉၃၇၅ဝဝ ကိုရှာဖွေဖမ်းဆီးရမိခဲ့ကြောင်းနှင့် ခုံအမှတ် ၁၂ တွင် လိုက်ပါလာ သော စိုးဝင်း(ခ)ကိုမဲ (၅၆နှစ်) ပန်းတန်းမြို့ အမှတ်(၂)ရပ်ကွက် ငဖဲရွာမြို့နယ်မကွေးတိုင်းဒေသကြီး နေသူ၏ MAXAIRတံဆိပ်ပါ အနီရောင်ကျောပိုးအိတ်အတွင်းမှ ဘိန်းစိမ်းဟုယူဆရသော အမည်း ရောင်အစေ့ ဂရမ်၅ဝဝပါ တစ်ထုပ် ခန့်မှန်းတန်ဖိုးငွေ တစ်ဂရမ်လျှင် ကျပ်၄၅ဝဝနှုန်းဖြင့် စုစုပေါင်းကျပ် ၂၂၅ဝဝဝဝ နှင့် အညိုရောင်အစေး ဂရမ် ၆၅ဝ ပါတစ်ထုပ် ခန့်မှန်းတန် ဖိုးငွေကျပ် ၂၉၂၅ဝဝဝ စုစုပေါင်း ခန့်မှန်းကာလ တန်ဖိုးငွေကျပ် ၅၁၇၅ဝဝဝခန့်တို့အား ရှာဖွေဖမ်း ဆီးရမိကြောင်း မှုခင်းမှတ်တမ်း အရ သိရသည်။
မူးယစ်ဆေးဝါးများကို တရား မဝင်သယ်ဆောင်လာသူဘိုရွှေအား ယင်းမာပင်နယ်မြေရဲစခန်းမှ မယ (ပ)၃/၂ဝ၁၉မူး/စိတ်ပုဒ်မ၁၉(က) ဖြင့် ၄င်း/စိုးဝင်း(ခ)ကိုမဲအား မယ (ပ)၄/၂ဝ၁၉မူးစိတ်ပုဒ်မ၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။