images
UN
UN
ပီအက်စ်ဂျီကစားသမားများကို စိတ်ကြီးဝင်နေကြသူများဟု နည်းပြတူချယ်ဝေဖန်
Thursday, 10 January 2019
ပီအက်စ်ဂျီနည်းပြတူချယ်က ဂူအင်ဂန့်အား ရှုံးနိမ့် ခဲ့သည့် ပြင်သစ်လိဂ်ဖလားပွဲစဉ်တွင် အသင်းသားများ ၏ပုံစံမှာ စိတ်ကြီးဝင်နေသည့်အခြေအနေမျိုးဖြစ်နေ ကြောင်း ဝေဖန်စကားဆိုခဲ့သည်။ ပြင်သစ်လိဂ်ဖလား ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းသည် အိမ် ကွင်းတွင် နေမာ၏သွင်းဂိုးဖြင့် ဦးဆောင်ကစားနိုင် ခဲ့သည်။ သို့သော် ပွဲချိန် မိနစ် ၈ဝ နောက်ပိုင်းတွင် ဂူအင်ဂန့်အား ပင်နယ်တီနှစ်ဂိုးပေးခဲ့ရပြီး အံ့အားသင့် ဖွယ်ရှုံးနိမ့်မှုကြုံခဲ့ရခြင်းဖြစ်သည်။
တူချယ်က ပွဲအတွင်း အခွင့်အရေးများစွာ ရရှိခဲ့ သော်လည်း အသုံးမချနိုင်ခဲ့ခြင်းမှာ ကစားသမားများ ၏အာရုံစိုက်မှုလျော့ကျခဲ့ခြင်းကြောင့်ဟု ယုံကြည်နေ သည်။ ဒုတိယပင်နယ်တီသည် အငြင်းပွားဖွယ်အခြေ အနေမျိုးတွင်ရှိသော်လည်းရလဒ်အတွက် မိမိတို့တာဝန် ယူရမည်ဟု ၄င်းက ပြောခဲ့သည်။
Ref ;Sportsmole