images
UN
UN
ဟက်ဆန်အိုဒီအတွက် ဘိုင်ယန်မြူးနစ်အား ချဲလ်ဆီး တိုင်ကြားဖွယ်ရှိ
Thursday, 10 January 2019
ချဲလ်ဆီးသည် လူငယ်ကစား သမား ဟက်ဆန်အိုဒီနှင့်ပတ်သက် ၍ ဘိုင်ယန်မြူးနစ်အသင်း၏ ချဉ်းကပ်မှုများကို ဖီဖာထံသို့တိုင် ကြားဖွယ်ရှိနေကြောင်း သိရသည်။ ဘိုင်ယန်မြူးနစ်သည် ၄င်းအား ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သော်လည်း ချဲလ်ဆီးက ငြင်းပယ်ခဲ့သည်။ အသက် ၁၈ နှစ် သာရှိသေးသော ဟက်ဆန်အိုဒီကို ချဲလ်ဆီးက ဆက်ထိန်းရန် ဆန္ဒရှိ နေသော်လည်း ဘိုင်ယန်မြူးနစ် သည် ကစားသမားအား တရား မဝင်ချဉ်းကပ်သည့်ပုံစံမျိုး ပြုလုပ် နေသည်။ ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက ဘိုင်ယန်မြူးနစ် အား ကစားဒါရိုက်တာ ဆလီဟာမစ်ဇစ် သည် ဟက်ဆန်အိုဒီအား အလွန် သဘောကျကြောင်း ပြောကြားခဲ့ ပြီး မိမိတို့အသင်းသို့ရောက်လာပါ က အောင်မြင်လိမ့်မည်ဟု ဆိုခဲ့ သည်။
Ref ;Dailymail