images
UN
UN
မြန်မာနေရှင်နယ်လိဂ်ပွဲများကို တိုက်ရိုက်ထုတ်လွှင့်ပြသမည်
Thursday, 10 January 2019

ယခုတစ်ပတ် စနေနေ့တွင် စတင်ယှဉ်ပြိုင်မည့် ၂ဝ၁၉ မြန်မာ နေရှင်နယ်လိဂ်ပွဲစဉ်များကို MRTV-4 မှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်က ကြေညာသည်။ တစ်ပတ်အတွင်း ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များအတွင်းမှ နှစ်ပွဲကို ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ပြီးခဲ့သောရာသီက မြန်မာ နေရှင်နယ်လိဂ်ပွဲစဉ်များကို အခပေးရုပ်/သံလိုင်းများတွင်သာ ပြသ ခဲ့၍ ပရိသတ်ဝေဖန်မှုများရင်ဆိုင်ခဲ့ရသောကြောင့် ယခုကဲ့သို့ စီစဉ် လိုက်ခြင်းလည်းဖြစ်သည်။