images
UN
UN
ပြိုင်ဘက်ကိုလေးစား၍ ဂိုးပြတ်သွင်းယူခဲ့ဟု ဂွါဒီယိုလာပြော
Thursday, 10 January 2019
မန်စီးတီးနည်းပြဂွါဒီယိုလာ က တတိယတန်းကလပ် ဘာတန် နှင့်ကစားခဲ့သော လိဂ်ဖလားပြိုင်ပွဲ တွင် ဂိုးပြတ်အနိုင်ယူခဲ့ခြင်းမှာ ပြိုင်ဘက်ကို လေးစားသော ကြောင့်ဟု ဖွင့်ဟခဲ့သည်။ မန်စီး တီးသည် ဒီဘရူနီ၊ ဂျီဆက်၊ ဇင် ချန်ကို၊ ဖိုဒန်၊ ဝေါ်လ်ကာနှင့် မာ ရတ်တို့၏သွင်းဂိုးများဖြင့် ဘာတန် ကိုအနိုင်ရခဲ့ပြီး ဂျီဆက်က လေးဂိုး အထိ သွင်းယူနိုင်ခဲ့သည်။
''ဂိုးတွေအများကြီးသွင်းယူ တာက ပြိုင်ဘက်ကို လေးစား ကြောင်းပြဖို့ အကောင်းဆုံးနည်း လမ်းဖြစ်ပါတယ်။ တကယ်လို့သာ ပြိုင်ဘက်ကို လေးစားမှုမရှိဘူးဆို ရင် ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကြိုးစားမှုဆိုတာ ရှိလာမှာမဟုတ် ပါဘူး''ဟု ဂွါဒီယိုလာက ပြော ကြားသွားခဲ့သည်။
ထို့ပြင် ဂွါဒီယိုလာက ယခု ရလဒ်သည် ဗိုလ်လုပွဲသို့ ကျိန်း သေတက်ရောက်နိုင်ပြီဟု ပြော ကြားနိုင်သောအခြေအနေဟုလည်း ဆိုခဲ့သည်။ မန်စီးတီးသည် ၁၉၈၇ ခုနှစ်က ဟက်ဒါဖီးအား ၁ဝ-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ယခု ရလဒ်မှာ အကောင်းဆုံးရလဒ်ဖြစ် ခဲ့သည်။
Ref ;Dailymail