images
UN
UN
ဒေသအသစ်များနှင့် အမြင်ခံစားမှု မတူညီသည်များကို ရှာဖွေကာ ခရီးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားမည်
ထက်မြတ်(မန္တလေး) Thursday, 10 January 2019

မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသအသစ်များဖော်ထုတ် ခြင်းနှင့်အတူ အမြင်ခံစားမှုမတူညီ သည့် ခရီးသွားအမျိုးအစား စုံလင် စွာထားရှိနိုင်ရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုထံမှ သိရသည်။
''မန္တလေးတိုင်းဒေသကြီးကို နိုင်ငံတကာခရီးသွားတွေ ပိုမိုပြီး ဝင်ရောက်လာသလိုဝင်ရောက်လာ တဲ့ ခရီးသွားအမျိုးအစားတွေရဲ့ ဘာသာ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ အလိုက် သူတို့ရဲ့မျှော်လင့်ချက်တွေ က လည်းမတူညီကြဘူး။
ဒါကြောင့် အမြဲတမ်းဘုရားနဲ့ ဦးပိန်ပဲ ကြည့်စရာမဖြစ်ရအောင် ခရီးစဉ်ဒေသအသစ်တွေကိုလည်းဖော် ထုတ်နေသလို အမြင်ခံစားမှု မတူ ညီတဲ့ ဖန်တီးဆန်းသစ်မှုတွေနဲ့ ဆွဲ ဆောင်ပြီး သူတို့ရဲ့လိုအင်ဆန္ဒတွေ ကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုး စားဆောင်ရွက်နေပါတယ်''ဟု ၄င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင်ရှေး ဟောင်းယဉ်ကျေးမှုအမွေအနှစ်များ အပေါ်များစွာတည်ရှိနေသော်လည်း ဝင်ရောက်လာသည့် နိုင်ငံတကာ ခရီးသွားဧည့်သည်များ၏မျှော်လင့် ချက်များကိုအပြည့်အဝဖြည့်ဆည်း ပေးနိုင်ရန် သဘာဝအရင်းအမြစ် များ၊ ဘိုးဘွားများ၏ ယဉ်ကျေးမှု အမွေအနှစ်များအပြင် လက်ရှိ လူ သားတို့၏ တီထွင်ဖန်တီးဆန်းသစ် မှုများပါဝင်သော ခရီးသွားအမျိုး အစားစုံလင်စွာဖြင့် ဆွဲဆောင်နိုင်ရန် လိုအပ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း သို့ ၂ဝ၁၈ခုနှစ်တွင် နိုင်ငံတကာ ခရီးသွားဧည့်သည် ငါးသိန်း ဝင် ရောက်ရန်လျာထားခဲ့ပြီး နိုဝင်ဘာ လအထိလေးသိန်းသုံးသောင်းကျော် ဝင်ရောက်လျက်ရှိရာ ၄င်းတို့အနက် တရုတ်နိုင်ငံမှ၂၃ဝ၄၃ဦးဖြင့် အများ ဆုံးဝင်ရောက်လျက်ရှိကြောင်း သိရ သည်။