images
UN
UN
ရန်ကုန်လေဆိပ် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ၉၉ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး
ထက်မြက်အောင် Thursday, 10 January 2019
ရန်ကုန်လေဆိပ် လုပ်ကြံသတ် ဖြတ်မှုနှင့်ပတ်သက်ပြီး တရားစွဲဆို ခံထားရသော ကြည်လင်းအပါ အဝင် သုံးဦးတို့အား ယနေ့နံနက် ပိုင်းက အင်းစိန်မြို့နယ် မြောက် ပိုင်းခရိုင် တရားရုံးတွင် ၉၉ ကြိမ် မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။
ယနေ့ ၉၉ ကြိမ်မြောက်ရုံး ချိန်းတွင် ဇေယျာဖြိုးမှ တင်သွင်း ထားသော သက်သေသုံးဦး လာ ရောက် ထွက်ဆိုခြင်းမရှိခဲ့သဖြင့် သက်သေစာရင်းမှပယ်ပြီး လာမည့် ယခုလ ၁၁ ရက် အကြိမ် ၁ဝဝ မြောက်ရုံးချိန်းတွင် စစ်ဆေးရန် ကျန်ရှိသည့် သက်သေသုံးဦးအား ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
''တရားသူကြီးက မှတ်ချက် ပေးရလောက်အောင် အခြေအနေ မျိုးဖြစ်တာက ဇေယျာဖြိုးရဲ့ သက်သေကြန့်ကြာမှုပဲ။ အမှုမြန် ချင်တယ်လို့ ပြောတဲ့ကိစ္စဟာ သူ့ရဲ့ ပြောကြားချက်မမှန်ဘူး။သူကိုယ် တိုင်အမှုကြန့်ကြာချင်တဲ့အတွက် သက်သေများနဲ့အမှုကို ကြန့်ကြာ အောင် လုပ်နေတဲ့အချက်က ပိုပြီး ထင်ရှားတယ်''ဟု တရားလွှတ် တော်ရှေ့နေဦးနေလက ပြောကြား ခဲ့သည်။
ယခုကဲ့သို့ ရုံးချိန်း ၉၉ ကြိမ် မြောက်တွင် အချိန်လေးပုံတစ်ပုံ သာ တရားခံက အသုံးပြုရသေး ကြောင်းနှင့် တရားခံများအနေနဲ့ စွပ်စွဲချက်ကို ဖြေရှင်းနေရာတွင် ၄င်းတို့အား ဖြေရှင်းရသည့်အချိန် အား တရားမျှတစွာပေးရန် ဆန္ဒမရှိ ကြသလားဟု ရှေ့နေဦးကျော်ကျော် ထိုက်က ပြောကြားသည်။
''ရုံးချိန်း ၁ဝဝ မှာ လေးပုံ တစ်ပုံပဲ တရားခံကသုံးရသေးတယ်။ အဲ့တော့ သူ့အတွက် ဘယ်သူက ပိုသုံးထားတာလဲ။ တန်းတူသုံးရ မယ်လို့ ကျွန်တော် မပြောဘူးနော်။ အဲ့တော့ တရားခံတွေက စွပ်စွဲ ချက်ကို ဖြေရှင်းတဲ့နေရာမှာ သူတို့ ကို ဖြေရှင်းရတဲ့အချိန် လေးတောင် မှ တရားမျှတစွာပေးဖို့ ဆန္ဒမရှိကြ ဘူးလား''ဟု ရှေ့နေဦးကျော်ကျော် ထိုက်က ပြောကြားသည်။
တရားလွှတ်တော်ရှေ့နေဦးကိုနီ ကို လုပ်ကြံသတ်ဖြတ်မှုတွင် မျက်မြင်ပြစ်မှုကျူးလွန်ကြောင်း သိရှိထားသူမှာ ကြည်လင်းတစ်ဦး သာရှိကြောင်း ကျန်ရှိသူများမှာ တာဝန်ရှိသူများ၏ ဆက်စပ် စစ်ဆေးမှုများအရ စွပ်စွဲခံထားရ သူများဖြစ်ပြီးယင်းစွပ်စွဲမှုများအပေါ် ဖြေရှင်းနေရခြင်းဖြစ်ကြောင်း၊ ၄င်း တို့ဖြေရှင်းချက်အား ဥပဒေနှင့်အညီ ဖြေရှင်းနေခြင်းဖြစ်ကြောင်း ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောသည်။
အမှုကို ကြန့်ကြာစေရန် အချိန် ဆွဲထားစရာလုံးဝမရှိကြောင်း၊အမှု ကို အမြန်ဆုံးပြီးစီးလိုကြောင်းနှင့် အမှုကြန့်ကြာနေခြင်း ၄င်းကို နစ်နာစေကြောင်း ၊ ဇေယျာဖြိုးက ရုံးချိန်းအပြီးတွင် မီဒီယာများကို ပြောကြားခဲ့သည်။