images
UN
UN
ဖရူဆိုမြို့နယ်တွင် တိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး
သက်ပိုင် Thursday, 10 January 2019
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ကယားပြည်နယ် ဖရူဆိုမြို့နယ် ဖရူဆို(မြို့မ)ကျေးရွာအုပ်စု ထီး ကလူဒေါကျေးရွာနှင့်ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်း သားပြည်သူများအား ယနေ့နံနက် ပိုင်းတွင် အဆိုပါကျေးရွာ ဘုရား ရှိခိုးကျောင်းဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေး ကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသား ပြည်သူ ၁၈ဝ တို့အား သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ နား၊ နှာ ခေါင်း၊ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ အရိုး၊ အကြောရောဂါ၊ ကျောက်ကပ် ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါအရေပြား ရောဂါ၊ အထွေထွေရောဂါနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။