images
UN
UN
နိုင်ငံတကာမှရုပ်သံလိုင်းများနှင့် ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုနိုင်မည့် Cookie TVMobile App စတင်အသုံးပြုနိုင်
သွန်းလေး Friday, 11 January 2019
Hollywood နှင့် ကိုရီးယား အစရှိသည့် နိုင်ငံတကာ ရုပ်ရှင် ကားများကို အင်္ဂလိပ်၊ မြန်မာစာ တန်းထိုးများဖြင့် ကြည့်ရှုနိုင်မည့် Cookie TV Mobile App ကို ပြည်တွင်း၌ ယခုလ၁ဝရက်မှ စတင်အသုံးပြုနိုင်ပြီဖြစ်သည်။
အဆိုပါ အက်ပလီကေးရှင်း တွင် နိုင်ငံတကာမှတိုက်ရိုက်ရုပ် သံအစီအစဉ်များကို ပြန်လည် ကြည့်ရှုနိုင်သည့် ''Catch-up'' နည်းပညာကိုပါ မိတ်ဆက်ပေး ခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့ Cookie TV ဟာ မြန်မာနိုင်ငံအတွက် တန်ဖိုး အသင့်ဆုံးနှင့် အလွယ်ကူဆုံး Mobile TV Application ဖြစ်ပြီးတော့ Hollywood နဲ့ ကိုရီးယားStudio တွေကနေ အကောင်းဆုံးရုပ် ရှင်ဇာတ်ကားတွေကို တင်ဆက် သွားဖို့ ရည်ရွယ်ထားပါတယ်။ တစ်မိသားစုလုံးအပန်းဖြေနိုင်ဖို့ အတွက် ရုပ်ရှင်တွေအပြင်၊ သုတ ရသကဏ္ဍစုံရုပ်သံ အစီအစဉ်များ ကို စုံလင်စွာကြည့်ရှုနိုင်အောင် ကြိုးစားသွားမှာပါ။ ဒီ App က နောက်ဆုံးထွက်ရှိလာတဲ့ ရုပ်ရှင် ကားတွေကိုအစောဆုံး ယူဆောင် ပေးလာနိုင်မယ့် ပထမဆုံး Mobile TV Application ဖြစ်ပြီးတော့ ''Catch-up'' နည်းပညာကိုပါ ထည့်သွင်းထားလို့ အသုံးပြုသူတွေ အနေနဲ့ တိုက်ရိုက်ရုပ်သံအစီအစဉ် တွေလွတ်သွားရင်လည်း တစ်ပတ် အတွင်းပြန်လည် ကြည့်ရှုနိုင်တဲ့ အတွက် အားလုံးကြိုက်နှစ်သက် မယ်လို့ ယုံကြည်ပါတယ်'' ဟု Cookie TV ၏Marketing Director ဦးဝိုင်းချစ်ဦးကပြောသည်။
Cookie TV ၏ ရုပ်ရှင်ဝန် ဆောင်မှုကဏ္ဍအတွက် တစ်ကား ချင်းစီ စိတ်ကြိုက်ဝယ်ယူကြည့် ရှုခြင်း ''Pay Per Movie'' နှင့် ရုပ်ရှင်ဇာတ်ကားများစွာကို စုစည်း ထားသော ''Movie Album'' ဟူ၍ ပုံစံနှစ်မျိုးကို မိတ်ဆက်ပေး ထားပြီးတစ်ကားချင်းစီစိတ်ကြိုက် ဝယ်ယူမှုအတွက် နောက်ဆုံးပေါ်Hollywood ရုပ်ရှင်ဇာတ်ကား ကောင်းများကို အခြား Mobile Application များထက်အစောဆုံး ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊Movie Album အတွက်မူHollywood ရုပ်ရှင်များကို အကန့်အသတ်မရှိ ကြည့်ရှုနိုင်မည်ဖြစ်သည်။
Cookie TV Mobile App တွင်Hollywood မှ နာမည်ကြီး ရုပ်ရှင် Studio များဖြစ်သောDisney, Warner Bros, Universal, 20th Century Fox, Paramount, Sony,Lionsgate တို့မှ ရုပ်ရှင်ကားများအပြင်၊HBO၊ Warner TV,Fox Sports, Drea-mworks နှင့်National Geographic Channels အစရှိသည့် ရုပ်သံ Company များမှ တိုက် ရိုက်ရုပ်သံအစီအစဉ်များကိုလည်း ပြသရန်သဘောတူညီမှု ရယူထား ကြောင်း၊ အဆိုပါ အက်ပလီကေး ရှင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် ဇန်နဝါရီ ၁ဝရက်နေ့က ကျင်းပခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Cookie TV App စတင်မိတ် ဆက်သည့် အထူးအစီအစဉ် အနေ ဖြင့် Download ပြုလုပ်၍Sign Up ပြုလုပ်ရုံဖြင့် ကျပ် ၁ဝဝဝဝ တန်ဖိုးနှင့် ညီမျှသည့် Cookies များကိုရရှိမှာဖြစ်ပြီး ၄င်း Cookies များဖြင့် ရုပ်ရှင်ဝန်ဆောင် မှုများကို အခမဲ့ကြည့်ရှုနိုင်မည်ဖြစ် ကြောင်း သိရသည်။