images
UN
UN
ခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးမှ မှုခင်းအသိပညာပေးဟောပြော
ဘိုဘို(မလှိုင်) Friday, 11 January 2019
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ် ကုက္ကဲရဲစခန်းမှ စခန်းမှူးနှင့်ရဲတပ်ဖွဲ့ဝင်များ မြင်းခြံခရိုင် အမှတ်(၉၅) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် မြင်းခြံခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းမှုခင်းအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ၁နာရီမှ ၃ နာရီအထိ မြင်းခြံမြို့နယ် ရွာသစ်အထက စာသင်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မှုခင်းအသိပညာပေးဟောပြောပွဲတွင် ကုက္ကဲရဲကင်းရဲစခန်း မှူး ဒုရဲအုပ်ထွန်းထွန်းငယ်က သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး၊ မူးယစ် ဆေးဝါးအန္တရာယ်နှင့်ဆိုးကျိုးများအကြောင်းကိုလည်းကောင်း၊ မြင်းခြံခရိုင် အမှတ်(၉၅) ယာဉ်ထိန်းတပ်ဖွဲ့စု ရဲအုပ်အောင်ကြီးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအား ရှင်းလင်းဟောပြောကာ မြင်းခြံခရိုင် လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးမှ ဒုရဲအုပ် အာကာလွှမ်းမိုးက လူကုန်ကူးခြင်းနှင့် ပတ်သက်သော အသိပညာများအား ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီး၊ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများ စုစုပေါင်း အင်အား ၃ဝဝ ခန့် တက်ရောက်ခဲ့ပြီး မှုခင်းအသိပညာပေးလက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့သည်။