images
UN
UN
မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဆိုင်ကယ်ခိုးယူလာသူများအား ဖော်ထုတ်ဖမ်းဆီး
ကျော်ကျော်(မလှိုင်) Friday, 11 January 2019
မန္တလေးတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှ ဆိုင်ကယ်ခိုးယူသူများအား အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်း များ အရသိရသည်
ဖြစ်စဉ်မှာ ယခုလ ၉ ရက် နံနက် ၁ဝ နာရီတွင် မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ အောင်မြေသာစံမြို့နယ်အတွင်း နယ်မြေသတင်း စုံစမ်းနေစဉ် ဆိုင်ကယ်များခိုးယူထားကြောင်း သတင်းရရှိသူ ကျော်ခိုင်ထွန်း (၂၁ နှစ်) စိန်ပန်းရပ် မဟာအောင်မြေမြို့ နယ်နေသူနှင့် ထွန်းမြင့်သိန်း (၂၃ နှစ်) နောင်းကိုက်တော်ရပ်ကွက် မိုးကောင်းမြို့ ကချင်ပြည်နယ်နေသူ တို့နှစ်ဦးအား ၂၂ လမ်း၊ လမ်း၉ဝx ကမ်းနားလမ်းကြားတွင် မသင်္ကာ ဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရာ ၄င်း တို့နှစ်ဦးသည် ယခုလ ၉ ရက် နံနက် ၄ နာရီတွင် ၂ဝယ/xxxx Bonus 110 ၁၁ဝ နီ/နက်ရောင် ဆိုင် ကယ်အား အောင်မြေသာစံမြို့နယ်၊ ရွှေကျီးမြင့်ဘုရား မြောက်ဘက်မုခ် အနီး ၂၃x၂၄လမ်းကြားမှ ခိုးယူခဲ့ ကြောင်း သိရှိရသဖြင့် သက်သေခံ ဆိုင်ကယ်အား သိမ်းဆည်းပြီး ကျော်ခိုင်ထွန်းနှင့် ထွန်းမြင့်သိန်း တို့အား အောင်မြေသာစံမြို့မ ရဲစခန်းတွင်လည်းကောင်း၊ ယခုလ ၉ရက် မွန်းလွဲ ၃ နာရီခွဲ၌ မိုးကုတ်မြို့ ကိစ္စကုတ်ရပ်နေ ဦးပါ ရ်မာနန္ဒ(ခ)ဆေသူ (၆ဝနှစ်)သည် ၄င်းပိုင် ၄၃ယ/xxxxKenbo-125 ဆိုင်ကယ်ဖြင့် မိုးကုတ်မြို့ ရှောလီဝိုင်းအုပ်စု အောင်ချမ်းသာ နယ်မြေ(၁၇)ရပ်နေ မရီးတော်စပ်သူ ဒေါ်ခီမာ၏နေအိမ်သို့သွားရောက် ပြီး ၄င်းဆိုင်ကယ်အားနေအိမ်ရှေ့ တွင် ဇက်သော့ခတ်ရပ်ထားခဲ့ကာ နေ အိမ်အတွင်းဝင်ရောက်၍ စကား ပြောနေခဲ့ရာ နာရီဝက်ခန့်အကြာ နေအိမ်သို့ပြန်ရန် ဆိုင်ကယ်အား ကြည့်ရှုရာ မတွေ့ရှိဘဲ ပျောက်ဆုံး နေကြောင်း သိရှိရသဖြင့် မိုးကုတ် မြို့မရဲစခန်းသို့ဆက်သွယ်အကြောင်း ကြားခဲ့ရာ မိုးကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တရားလို ဦးပါရ်မာနန္ဒ(ခ)ဆေသူ၊ သက်သေ များနှင့်အတူ လိုက်လံစုံစမ်းရှာဖွေ ခဲ့ရာ အောင်ချမ်းသာ နယ်မြေ(၁၄) ရပ်ရှိ လမ်းမပေါ်တွင် အငယ်လေး (ခ)အယိုင်(၂၂နှစ်) ပိန်းပြစ်အောက် ရွာနေသူအား ၄၃ယ/xxxx Kenbo-125 ဆိုင်ကယ်အား သော့ မပါဘဲ မောင်းနှင်လာသည်ကို တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးရာ ၄င်းဆိုင်ကယ်အား သော့ဖျက်ခိုးယူ လာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မိုးကုတ် မြို့မရဲစခန်းတွင်လည်း ကောင်း အသီးသီးအမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ် တမ်းများအရ သိရသည်။