images
UN
UN
လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြော
လင်းလင်း(ရေဖြူ) Friday, 11 January 2019
စက်မှုဝန်ကြီးဌာန တနသာင်္ရီ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန(လျှပ်စစ် စစ်ဆေးရေး)နှင့် လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန ကလိန်အောင်မြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတို့ပူးပေါင်း၍ တနသာင်္ရီ တိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၃) ရပ်ကွက် အခြေခံပညာအထက် တန်းကျောင်းရှိ ပညာရတနာခန်းမ တွင် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က ကျောင်းသား ကျောင်းသူ ကလေးငယ်များလျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အသိ ပညာပေးဟောပြောခြင်းနှင့်လက် ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် တနသာင်္ရီ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန(လျှပ်စစ် စစ်ဆေးရေး)မှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်သီရိဆွေလှိုင်က မိမိတို့ဌာနအနေဖြင့် လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရန်အတွက် အခြေခံပညာကျောင်းများတွင် လျှပ်စစ်အန္တရာယ်အသိပညာနှင့် ကာကွယ်မှုအကြောင်းတို့ကို အသိ ပညာပေးဟောပြောဆွေးနွေးခြင်း ဖြစ်ကြောင်း၊ လျှပ်စစ်သုံးကိရိယာ များ ကိုင်တွယ်အသုံးပြုခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းတို့တွင် အကာအကွယ်ပြုကိရိယာများ ဝတ် ဆင်ရန်အကြောင်း၊ အရည်အသွေး မပြည့်မီသော လျှပ်စစ်ပစ္စည်းများ အသုံးမပြုရန်အကြောင်း၊ ဓာတ် လိုက်ခံရသူကို ကယ်တင်မှုအနေ အထားများအကြောင်း၊ ဓာတ်လိုက်မှု ဖြစ်ရသည့်အကြောင်းအရင်းများ၊ လျှပ်စစ်ကြောင့်ဓာတ်လိုက်သေဆုံး မှု အခြေအနေများ စသည့်လျှပ်စစ် အန္တရာယ်ကင်းဝေးစေရန် လိုက်နာ ရမည့်အချက်အလက်များအကြောင်း တို့ကို အသိပညာပေးဆွေးနွေးပြော ကြားခဲ့သည်။
ထို့နောက် တက်ရောက်လာ သော ကျောင်းသား ကျောင်းသူ များအား လျှပ်စစ်အန္တရာယ်နှင့် ပတ်သက်သော ရှောင်ရန်၊ဆောင် ရန် အချက်အလက် မေးခွန်းများကို မေးမြန်းကြပြီး ဖြေဆိုနိုင်သူများ အား ဗလာစာအုပ်နှင့် ဘောလ်ပင် လက်ဆောင်ပစ္စည်းများချီးမြှင့်ခဲ့ ကြသည်။
အဆိုပါ ဟောပြောပွဲသို့ တနသာင်္ရီတိုင်းဒေသကြီး စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦး စီးဌာန(လျှပ်စစ်စစ်ဆေးရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီရိဆွေလှိုင်နှင့်အဖွဲ့၊ မြို့နယ် လျှပ်စစ်မှူး ဦးအောင်ဆန်း၊ ကလိန် အောင်မြို့ အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာ ကြီး ဦးထွန်းနိုင်နှင့် ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူ များ စုစုပေါင်း ၅၆ဝခန့် တက် ရောက်ကြကြောင်း သိရသည်။