images
UN
UN
ဘုတလင်မြို့နယ် ရဲထွက်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်
ရွှေကျီစု(ဘုတလင်) Friday, 11 January 2019
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင် ဘုတလင်မြို့နယ် ရဲထွက် ကျေးရွာအုပ်စု ရဲထွက်ကျေးရွာ ဒေါ်ခင်ဝင်း၏နေအိမ်ခြံဝင်းအတွင်း တွင် ယနေ့ နံနက် ၁၁ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မုံရွာ ခရိုင် ပါတီကော်မတီဝင် ဦးစိန်ဝင်း လှိုင်၊ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်း ရေးမှူး ဦးသက်နိုင်ဦး၊ မြို့နယ် ကော်မတီဝင်များနှင့်ကျေးရွာ ပြည် ခိုင်ဖြိုးပါတီဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။