images
UN
UN
သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကျော်ဆန်း Friday, 11 January 2019
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ အမှတ်(၁)ရပ်ကွက်ရှိ ပြည်ခိုင် ဖြိုးပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီခွဲက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရ သည်။
အခမ်းအနားတွင် မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌဒေါ်ခင်မြတ်စု က အဖွင့်အမှာစကားပြောကြားကြောင်းသိရသည်။ ထို့နောက် တက် ရောက်လာသော မြို့နယ်ပါတီကော်မတီဝင်များက မိမိတို့နယ်မြေ တိုက်နယ်အလိုက် ဆောင်ရွက်ခဲ့ကြသော လုပ်ငန်းအခြေအနေများ နှင့်ဆောင်ရွက်နေမှုများကိုတင်ပြကြပြီး ဆွေးနွေးညှိနှိုင်းကာ ရှေ့ ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါလုပ်ငန်းညှိနှိုင်းပွဲသို့ မြို့နယ်ပါတီကော်မတီဝင် များ၊ တိုက်နယ်တာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။