images
UN
UN
အရက်မူးပြီး ရထားမောင်းခဲ့သူအား ပြင်းပြင်းထန်ထန် အရေးယူဖွယ်ရှိ
Friday, 11 January 2019
ဂျာမနီနိုင်ငံအတွင်း၌ ခရီးသည်တင် ရထားတစ်စင်းကို တာဝန်ယူမောင်းနှင်ခဲ့ သူအား သတ်မှတ်ပမာဏထက်ကျော်လွန် သော အယ်လ်ကိုဟောပမာဏဖြင့် တွေ့ရှိ ခဲ့ခြင်းကြောင့် ပြင်းပြင်းထန်ထန်အရေးယူ ခံရဖွယ်ရှိကြောင်း အေအက်ဖ်ပီသတင်း ဌာနက ဖော်ပြသည်။
ဟမ်းဘတ်မြို့မှ လိုက်ပ်ဇစ်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ရထား တစ်စင်းသည် ကြားဘူတာတစ်ခု၌ ရပ်တန့် ရာတွင် သတ်မှတ်ထားသောနေရာအား သိသိသာသာကျော်လွန်ရပ်တန့်ခဲ့ခြင်းကြောင့် လုံခြုံရေးအဖွဲ့များနှင့် ကျွမ်းကျင်သူများက ရထားမောင်းနှင်လာသူအား စစ်ဆေးခဲ့ရာ တွင် အရက်မူးပြီးမောင်းနှင်လာကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံအတွင်း ၌ ရထားမောင်းနှင်သူအများစုက တာဝန် ချိန်အတွင်း အရက်သေစာသောက်သုံးမှုအား ရာနှုန်းပြည့်ရှောင်ကြဉ်ရမည့် စည်းကမ်း ချမှတ်ရန် တောင်းဆိုလျက်ရှိသည်။
NG(Ref;AFP)