images
UN
UN
ဆိုရှယ်မီဒီယာများပေါ်တွင် အချုပ်အခြာပိုင်ဆိုင်မှုအား ထိပါးရာရောက်သောရေးသားဖော်ပြမှုများကို တင်းကျပ်စွာထိန်းချုပ်ရန်စီစဉ်
Friday, 11 January 2019
အိန္ဒိယနိုင်ငံအတွင်း၌ ဆိုရှယ်မီဒီယာ အသုံးပြုသူများအား အကန့်အသတ်များစွာ ဖြစ်ပေါ်စေမည့်ဥပဒေတစ်ရပ်အား ပြဋ္ဌာန်းရန် စီစဉ်လျက်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
အိန္ဒိယအစိုးရသည် ဆိုရှယ်မီဒီယာများ ပေါ်၌ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား ထိပါးရာရောက်သော ရေးသားဖော်ပြမှုများ ကို သက်ဆိုင်ရာဆိုရှယ်မီဒီယာကုမ္ပဏီများ ဘက်မှ အများဆုံးကြာချိန် ၂၄နာရီအတွင်း ဖယ်ရှားပေးရမည့်ဥပဒေတစ်ရပ်အား ပြဋ္ဌာန်း ရန် စီစဉ်နေခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ဥပဒေကြမ်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ အများပြည်သူများ၏ ဆန္ဒတောင်းခံပြီးနောက် အတည်ပြုပြဋ္ဌာန်းသွားမည်ဖြစ်သည်။ အိန္ဒိယ အစိုးရသည် အဆိုပါဥပဒေအား ယခုလကုန် ပိုင်းတွင် အတည်ပြုပြဋ္ဌာန်းရန် ရည်မှန်းလျက် ရှိသည်။ ဝန်ကြီးချုပ်နာရန်ဒရာမိုဒီဦးဆောင် သော အိန္ဒိယအစိုးရသည် ဆိုရှယ်မီဒီယာများ ကိုအသုံးပြုကာ အစိုးရအဖွဲ့အား ခိုင်မာမှုမရှိ သောအချက်များဖြင့် ဝေဖန်တိုက်ခိုက်ခြင်း၊ အစွန်းရောက်အဖွဲ့များအား အားပေးကူညီရာ ရောက်သည့်အပြုအမူများပြုလုပ်ခြင်း စသည် များကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ကိုင် တွယ်နိုင်ရန် ရည်ရွယ်ကာ ဥပဒေသစ်အား ပြဋ္ဌာန်းရန် စီစဉ်ခြင်းလည်းဖြစ်သည်။ သို့သော် အဆိုပါဥပဒေသည် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အား ထိခိုက်စေနိုင်သည်ဟု သတိ ပေးမှုများ ရှိနေသည်။ NG(Ref;Rerters)