images
UN
UN
မျက်နှာပြင်ကွေးနိုင်ဆန့်နိုင်သည့် မိုဘိုင်းလ်ဖုန်းအား ဆမ်ဆောင်းဈေးကွက်တင်မည်
Friday, 11 January 2019
ဆမ်ဆောင်းကုမ္ပဏီသည် လာမည့်ဖေဖော်ဝါရီလအတွင်း၌ မျက်နှာ ပြင်အား ကွေးနိုင်ဆန့်နိုင်သည့်မိုဘိုင်းလ်ဖုန်းမော်ဒယ်သစ်အား ဈေးကွက် တင်ရန် စီစဉ်လျက်ရှိကြောင်း ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြသည်။
ဖေဖော်ဝါရီ ၂ဝရက်တွင် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပမည့် ဆမ်ဆောင်းကုမ္ပဏီ၏ ကုန်စည်သစ်များ မိတ်ဆက်ပွဲတွင် ဂလက်ဆီစီးရီးမိုဘိုင်းလ်ဖုန်းများ ထုတ်လုပ်ရောင်းချခဲ့မှု ၁ဝနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယခင်က ဈေးကွက်တင်ရောင်းချဖူးခြင်းမရှိဖူး သော မိုဘိုင်းလ်ဖုန်းမော်ဒယ်သစ်အား မိတ်ဆက်ပြသကာ စတင်ရောင်းချ မည်ဖြစ်ကြောင်း ဆမ်ဆောင်းကုမ္ပဏီဘက်မှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါကုန်စည်သစ်များ မိတ်ဆက်ပွဲတွင်Galaxy S10 မိုဘိုင်းလ်ဖုန်း အား မိတ်ဆက်မည်ဟု အတည်ပြုထားသော်လည်း ၄င်းနှင့်အတူ မျက်နှာ ပြင်အား ကွေးနိုင်ဆန့်နိုင်သည့် မိုဘိုင်းလ်ဖုန်းမော်ဒယ်သစ်ကိုပါ မိတ်ဆက် ရန် ဆမ်ဆောင်းကုမ္ပဏီဘက်မှ စီစဉ်ထားခြင်းဖြစ်သည်။ ဆမ်ဆောင်း ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်အတွင်းကတည်းက မျက်နှာပြင်အား ကွေး နိုင်ဆန့်နိုင်သည့် မိုဘိုင်းလ်ဖုန်းအမျိုးအစားသစ်အား ဈေးကွက်တင်နိုင်ရန် ကြိုးပမ်းနေခဲ့ခြင်းဖြစ်သည်။
NG(Ref;Dailymail)