images
UN
UN
မဟာအောင်မြေမြို့နယ် အမှတ်(၂)အလကခွဲကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးဟောပြောပွဲကျင်းပ
မောင်ပြည်သူ(မန္တလေး) Friday, 11 January 2019
မန္တလေးတိုင်းဒေသကြီး စား သုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာ ရှိနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၁ဝ နာရီကမဟာအောင်မြေ မြို့နယ် အမှတ်(၂)အလယ်တန်း ကျောင်းခွဲတွင် စားသုံးသူအကာ အကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
အစီအစဉ်အရ ဦးစီးအရာရှိက စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပေါ်ပေါက်လာပုံ၊ ဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ရန်(CICC)ဌာနဖွင့် လှစ်ထားရှိမှုတို့ကို ဟောပြောပြီး ဒုတိယဦးစီးမှူးက သန့်ရှင်းလတ် ဆတ်မှုမရှိသော ရက်လွန်အစား အစာများ၊ ဓာတုဆိုးဆေးပါ စား သောက်ကုန်များ၊ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသောစားသောက်ကုန်၊ အလှကုန်၊ လူသုံးကုန်များ၊ စားသုံး သူများ၏အခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်များ၏ အခွင့်အရေး နှင့် တာဝန်များ၊ စားသုံးသူ အကာ အကွယ်ပေးရေးအကြောင်းသိကောင်း စရာများကို ကျောင်းနေအရွယ်မှ စတင်သိရှိနားလည်စေရန်ရည်ရွယ် ၍ ဟောပြောခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဟောပြောပွဲသို့ကျောင်းအုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းဈေးသည် များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။