images
UN
UN
ပြင်ဦးလွင်မြို့နယ် မြို့ရှောင်လမ်းဆုံတွင် တရားမဝင်သစ်များဖမ်းဆီးရမိ
မောင်ပြည်သူ(မန္တလေး) Friday, 11 January 2019
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာနမှဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ပြင်ဦး လွင်မြို့ နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ များပါဝင်သောပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၃နာရီက ပြင်ဦး လွင်မြို့နယ် မြို့ရှောင်လမ်းနှင့် ဆင်ခေါင်းလေးလမ်းဆုံတွင် မန္တလေးမှ မူဆယ်သို့ထွက်ခွာလာသည့်ယာဉ်နှစ်စီးအားစစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် ပိတောက်တမလန်းဓားရွေ ၅၃တုံး(၄ ဒသမ ၆၂၂၄တန်) နှင့် တစ်ဖက်နိုင်ငံသို့ သစ်သယ်ဆောင်ရောင်းချသူနှစ်ဦးအား ဖမ်းဆီး ရမိပြီး ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး နယ်မြေရဲစခန်း တွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။