images
UN
UN
တရားမဝင်သစ်သယ်ဆောင်လာသူများကို ယာဉ်နှင့်အတူ ဖမ်းဆီးရမိ
ကျော်ကျော်(မလိုင်) Friday, 11 January 2019
မန္တလေးတိုင်းဒေသကြီးပြင် ဦးလွင်မြို့နယ်၌ တရားမဝင်သစ် သယ်ဆောင်သူများအား ပူးပေါင်း အဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ် တမ်းများအရ သိရသည်။
ဖြစ်စဉ်မှာ ယခုလ ၉ ရက် မွန်းလွဲ၂နာရီခွဲကပြင်ဦးလွင်မြို့မရဲ စခန်းမှတပ်ဖွဲ့ဝင်များ၊ ပြင်ဦးလွင် ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင် သည့်ပူးပေါင်းအဖွဲ့သည် သတင်း အရ သက်သေများနှင့်အတူ ပြင်ဦး လွင်မြို့ ရပ်ကွက်ကြီး(၆)၊ မြို့ရှောင် လမ်းနှင့် ဆင်ခေါင်းလေးလမ်းဆုံ တွင် ယာဉ်များအားစစ်ဆေးနေစဉ် သန်းဌေးခိုင်(၁၉နှစ်) ဆည်ရွာ စဥ့် ကိုင်မြို့နေသူ မောင်းနှင်လာသော MDY 9F/---Hiace ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် ပိတောက်/တမလန်း ဓားရွေဆိုဒ်စုံ ၁၅ တုံး၊ ၂ ဒသမ ၁၈၅၈ တန်အားတွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့်သန်းဌေးခိုင်အား ပြင်ဦး လွင်မြို့မရဲစခန်းတွင်လည်းကောင်း၊ ယခုလ ၉ ရက် မွန်းလွဲ ၂နာရီခွဲက ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များ၊ ပြင်ဦးလွင်ခရိုင် မှုခင်းနှိမ်နင်း ရေးဌာနစိတ်မှတပ်ဖွဲ့ဝင်များ၊ မြို့ နယ် သစ်တောဦးစီးဌာနမှတာဝန်ရှိ သူများပါဝင်သည့် ပူးပေါင်းအဖွဲ့ သည် သတင်းအရ သက်သေများ နှင့်အတူ ပြင်ဦးလွင်မြို့ ရပ်ကွက် ကြီး(၆)၊ မြို့ရှောင်လမ်းနှင့် ဆင် ခေါင်းလေးလမ်းဆုံတွင် ယာဉ်များ အားစစ်ဆေးနေစဉ် မျိုးသန်းဦး (၄၁နှစ်) ရွှေပေါက္ကံမြို့သစ် ရန်ကုန် မြို့နေသူမောင်းနှင်လာသောYGN 5F/----Hiace ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် တရား မဝင်ပိတောက်/တမလန်း ဓားရွေ ဆိုဒ်စုံ ၃၈တုံး(၂ဒသမ ၄၃၆၆တန်) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် မျိုးသန်းဦးအား ပြင်ဦးလွင် မြို့မရဲစခန်းတွင်လည်းကောင်း အသီးသီးအမှုဖွင့်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ထုတ်ပြန် ချက်များအရ သိရသည်