images
UN
UN
မာန်အောင်မြို့ အထက(ခွဲ)ဈေးတန်း၌ပညာရေးစုံညီပွဲတော်ကျင်းပ
သိန်းဖေ(မာန်အောင်) Friday, 11 January 2019
ရခိုင်ပြည်နယ် မာန်အောင်မြို့ အထက(ခွဲ) ဈေးတန်း၌ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေး စုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ ည ၇နာရီက ကျင်းပ ခဲ့သည်။
ရှေ့ဦးစွာအခမ်းအနားတွင် အထက( ခွဲ)ဈေးတန်းကျောင်း အုပ်ဆရာကြီးဦးသန်းထွန်းက အဖွင့်အမှာစကားပြောပြီး ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် လူရည်ချွန်ဘက်စုံထူးချွန်ဆု ရရှိသူများ၊ မြန်မာစာ၊ သင်္ချာ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အားကစားထူးချွန် ဆုရရှိသူများကို ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးဆုချီးမြှင့်ကြပြီး ကျောင်း သားကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ ကြကြောင်း သိရသည်။