images
UN
UN
သံနှင့်သံမဏိလုပ်ငန်းများဆိုင်ရာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်မည်
ဝဿန် Friday, 11 January 2019
မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း(MSA)နှင့် မြန်မာ နိုင်ငံသံနှင့်သံမဏိလုပ်ငန်းများအသင်း (MISA)တို့ ၂ဝ၁၉ မှစတင် ကာ သက်ဆိုင်ရာကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်သင်း ပူးပေါင်းကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့အနေနဲ့ ရပ်တည်ချက်၊ ရည်ရွယ်ချက်ချင်းလည်း တူတဲ့အတွက် ပြည်တွင်းသံမဏိကဏ္ဍစံချိန်စံညွှန်းစနစ်တကျနဲ့ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ထိထိရောက်ရောက်ပိုမိုလုပ်ကိုင်သွားနိုင်ဖို့ဒီကဏ္ဍ နဲ့ပတ်သက်တဲ့ကိစ္စရပ်တိုင်းကို နှစ်ဖွဲ့အတူတူ ပူးပေါင်းလုပ်ဆောင် သွားဖို့ ခုလိုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့လိုက်ရတာဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဦးစစ်တိုင်း အောင်က ပြောသည်။ ယခုသဘောတူညီမှုအရ အဖွဲ့အစည်းနှစ်ခု လုံး၏ အရင်းအမြစ်များကို ညီတူမျှတူ ချိန်ညှိအသုံး ပြု၍ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသံမဏိကဏ္ဍနှင့်လုပ်ငန်းများတိုး တက်ရေး၊ နိုင်ငံ၏စီးပွားရေးဆိုင်ရာလုပ်ဆောင်မည့် အစီအစဉ်တွင် သံမဏိကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားကာ စိတ်ဝင်စားမှုမြင့် တက်လာအောင် ဆောင်ရွက်ရန်ဖြစ်သည်။
မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း၏ဥက္ကဋ္ဌ ဒေါက်တာကေသီ လွင်ကလည်း ''မြန်မာနိုင်ငံ သံနှင့်သံမဏိကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ခုလိုကျွန်မတို့အသင်း နှစ်သင်းအနေနဲ့ စိတ်တူကိုယ်တူ ရည်ရွယ်ချက်တူ လက်တွဲရခြင်းဖြစ်ပါတယ်။ကျွန်မတို့သံနှင့်သံမဏိ အသင်းအနေဖြင့်အာဆီယံသံနှင့်သံမဏိအသင်း၏အဖွဲ့ဝင် ခုနစ်နိုင်ငံ ထဲမှာ အဓိက အဖွဲ့ဝင်ဖြစ်ခဲ့ပြီး အာဆီယံအပါအဝင်အာရှနိုင်ငံများ နဲ့လည်း ပိုမိုဆက်ဆံရေးအားကောင်းလာနိုင်မယ်လို့လဲ မျှော်လင့်ပါ တယ်''ဟု ပြောသည်။
သဘောတူညီမှုအရ ၂ဝ၁၉ ခုနှစ်အတွင်း လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များမှာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့်တိုင်ပင် ညှိနှိုင်းကာ ပြည်တွင်းသံမဏိ ပစ္စည်းများအရည်အသွေး စံချိန်စံညွှန်း များသတ်မှတ်ရေး၊ ယခုဖွဲ့စည်းလိုက်သည့်အဖွဲ့၏ ရည်မှန်းချက်မျှော် မှန်းချက်များကို ကျယ်ပြန့် စွာသိရှိနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေး၊ သံမဏိထုတ်ကုန်များအတွက် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်နှင့် အရည်အသွေး စမ်းသပ်ဓာတ်ခွဲခန်းများ ဖွင့်လှစ်နိုင် ရေး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ဖွဲ့စည်းပေး သည့် National Standardization Committee က သတ်မှတ်ထား သည့်စံအရည် အသွေးသတ်မှတ်ချက်များနှင့် ညီမညီစမ်းသပ်စစ် ဆေးရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများက အသိအမှတ် ပြု ခွင့်ပြုချက်များရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရေး စသည် တို့ဖြစ်သည်။ ထို့ပြင်သက်ဆိုင်ရာ အဖွဲ့ဝင်များပါဝင်မည့်မူဝါဒချမှတ် ရေးကော်မတီနှင့် အလုပ်အမှုဆောင်ကော်မတီနှစ်ခုတို့ကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။