images
UN
UN
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲ မဲစာရင်းများကို လာမည့်ဖေဖော်ဝါရီ ၁၅ရက်နောက်ဆုံးထားကြေညာမည်
သူရကို Friday, 11 January 2019
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ(YCDC)ရွေးကောက် ပွဲကိုလာမည့် မတ် ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မဲစာရင်းများ ကြေညာဖို့ကို လာမည့် ဖေဖော် ဝါရီ ၁၅ ရက် နောက်ဆုံးထား ကြေညာသွားမည်ဖြစ်ကြောင်းတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီအနေဖြင့် လက်ရှိ တွင် ရွေးကောက်ခံကိုယ်စားလှယ် များမရှိဘဲ လုပ်ငန်းဆောင်ရွက် နေခြင်းသည် နှစ်နှစ်ကျော်ကြာ မြင့်လာပြီးလည်းဖြစ်ပြီး ၂ဝ၁၈ ခုနှစ်အတွင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးဥပဒေ(၂ဝ၁၈)ကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ပြီး နည်း ဥပဒေကိုလည်း ပြင်ဆင်ရေးဆွဲခဲ့ ပြီးဖြစ်ကြောင်း ပြောသည်။
လာမည့် မတ် ၃၁ ရက် တွင် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီYCDCရွေးကောက် ပွဲကိုကျင်းပဖို့ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ က ပြောကြားခဲ့သည်။
မဲဆွယ်ကာလကိုရွေးကောက် ပွဲမကျင်းပမီ တစ်လအလိုတွင် စတင်ဖို့ရှိနေကြောင်းသိရပြီး ရွေး ကောက်ပွဲကျင်းပနိုင်ဖို့အတွက် သက်ဆိုင်ဌာနများ၊ အဖွဲ့အစည်း များက စီစဉ်လုပ်ဆောင်နေပြီး မဲစာ ရင်းများကို ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထားကြေညာသွား မည်ဖြစ်ကြောင်းပြောသည်။
အဆိုပါ ရွေးကောက်ပွဲကို စည်ပင်သာယာနယ်နိမိတ်အတွင်း က မြို့နယ် ၃၃ မြို့နယ်၌ ကျင်းပ သွားမည်ဖြစ်ပြီး ကော်မတီဝင် ၁၁ ဦးအနက် ခြောက်ဦးကိုရွေးချယ် တင်မြှောက်ရမည်ဖြစ်ကြောင်း သိ ရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီကို ကော်မတီဝင် ၁၁ ဦးဖြင့်ဖွဲ့စည်းရမည်ဖြစ်ပြီး အဆိုပါ ၁၁ ဦးမှ ငါးဦးက အစိုးရကရွေး ချယ်တင်မြှောက်ပြီး ကျန်ကော် မတီဝင်ခြောက်ဦးကို ပြည်သူများ က ရွေးချယ်တင်မြှောက်ရမည်ဖြစ် ကြောင်း သိရသည်။
ဥပဒေအရ မြို့တော်ဝန်အပြင် ဒုတိယစည်ပင်သာယာရေးဝန်ကြီး လည်းဖြစ်မည့် ဒုတိယမြို့တော်ဝန် ကိုထားရှိရမည်ဖြစ်ကြောင်း သိရ သည်။
ဒုတိယမြို့တော်ဝန်ကို အဆိုပါ ကော်မတီဝင် ၁၁ ဦးက ရွေး ကောက်တင်မြှောက်ပေးရမည်ဖြစ် ပြီး ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီကို တာဝန်ခံအဖွဲ့ ခုနစ်ဖွဲ့ဖြင့် ဌာနကြီးသုံးခုကိုဖွဲ့ စည်းကာ ထိန်းညှိပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးဥပဒေကို ၂ဝ၁၈ ခုနှစ် ဇွန် ၂၇ ရက်တွင် လွှတ်တော်က အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇွန် ၂၈ရက်တွင် ရန်ကုန် မြို့တော်ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က အတည် ပြုလက်မှတ် ရေးထိုးပြဋ္ဌာန်းပေး ခဲ့ပြီးယင်းဥပဒေကို ရန်ကုန်မြို့ တော်ဝန်သို့ လွှဲပြောင်းပေးအပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
လွှဲပြောင်းပေးအပ်သည့်နေ့တွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင် စိုးက (YCDC)ရွေးကောက်ပွဲကို ၂ဝ၁၉ ခုနှစ်အတွင်း၌ ကျင်းပဖြစ် အောင် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။