images
UN
UN
ကော်စတာအားအသုံးချ၍ ပေါ့ဂ်ဘာကိုကမ်းလှမ်းရန် ဂျူဗင်တပ်အစီအစဉ်ရှိ စပါးနှင့်ကစားမည့်ပွဲစဉ်အမီ ပေါ့ဂ်ဘာ ကြံ့ခိုင်မှုပြည့်လိမ့်မည်ဟု ဆိုးလ်ရှားပြော
Friday, 11 January 2019
ဂျူဗင်တပ်အသင်းသည် မန်ယူ ကွင်းလယ်လူပေါ့ဂ်ဘာကို ခေါ်ယူ ရန်အတွက် နောက်ခံကစားသမား ဒေါက်ဂလက်ကော်စတာကို အသုံး ချရန် အစီအစဉ်ရှိနေကြောင်း အီ တလီသတင်းဌာနများက ဖော်ပြ သည်။ မော်ရင်ဟိုလက်ထက်တွင် မန်ယူ၌ မပျော်မရွှင်ဖြစ်နေသော ပေါ့ဂ်ဘာကို ဂျူဗင်တပ်က ပြန် လည်ခေါ်ယူရန် လွယ်ကူမှုများရှိ ခဲ့သည်။ သို့သော် လက်ရှိအခြေ အနေတွင် ပေါ့ဂ်ဘာသည် မန်ယူ ၏အဓိကကျသော ကစားသမား အဖြစ်သို့ ပြန်လည်ရောက်ရှိလာခဲ့ ပြီး အသင်း၌ပျော်ရွှင်နေပြီဖြစ်၍ ၄င်းကို ခေါ်ယူရန်ကြိုးစားရာ၌ အခက်အခဲများရှိလာမည်ဖြစ်သည်။
ထို့ကြောင့် ဂျူဗင်တပ်က မန်ယူလိုချင်နေသော နောက်ခံလူ ဒေါက်ဂလက်ကော်စတာကို ကမ်း လှမ်းမှုအတွင်းထည့်သွင်းရန် စဉ်း စားလာခြင်းဖြစ်သည်။ မန်ယူ သည် ဒေါက်ဂလက်ကော်စတာ အားခေါ်ယူရန်အတွက် ပြီးခဲ့သော အပြောင်းအရွှေ့ကာလနှစ်ခုအတွင်း ကြိုးစားခဲ့ဖူးသည်။ ပေါ့ဂ်ဘာကို စပိန်ထိပ်သီး ဘာစီလိုနာကလည်း ခေါ်ယူလိုနေသဖြင့် ဂျူဗင်တပ်က ကော်စတာကိုထည့်သွင်းကမ်းလှမ်း ပါက မန်ယူဘက်မှ လက်ခံစကား ပြောမည်ဟု ယုံကြည်သည်။
ဆက်စပ်သတင်းတစ်ရပ်တွင် မန်ယူယာယီနည်းပြ ဆိုးလ်ရှားက စပါးနှင့်ကစားမည့် ပွဲအတွက် ပေါ့ဂ်ဘာ ကြံ့ခိုင်မှုပြည့်ဝနိုင်လိမ့် မည်ဟု ပြောကြားလိုက်သည်။ ပေါ့ဂ်ဘာသည် နယူးကာဆယ်နှင့် ပွဲတွင် အသေးစားဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပြီး လေ့ကျင့်ခန်းပြန်ဆင်းနိုင် ပြီဖြစ်သည်။ Ref ;Dailymail