images
UN
UN
ဆောက်သမ်တန်တိုက်စစ်မှူး အော်စတင်း နှစ်ပွဲပယ်ခံရ
Friday, 11 January 2019
ဆောက်သမ်တန်တိုက်စစ်မှူး ချာလီအော်စတင်းသည် မန်စီးတီး အားရှုံးခဲ့သည့်ပွဲတွင် ရန်စသည့် အမူအရာပြုလုပ်ခဲ့ခြင်းကြောင့် နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ ရသည်။ ဒီဇင်ဘာ ၃ဝ ရက်က စိန့်မေရီ၌ ကစားခဲ့သည့်ပွဲတွင် အော်စတင်းသည် လူစားဝင်ရာ၌ မန်စီးတီးပရိသတ်များအား လက် နှစ်ချောင်းထောင်ပြခဲ့သည်။အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က အော် စတင်းသည် ပရိသတ်များကို ဆူပူ လာစေရန် ရန်စခဲ့သည်ဟု စွဲချက် တင်ခဲ့ပြီး ယခုတစ်ပတ်မှစကာ နှစ်ပွဲပယ်ပြစ်ဒဏ် ကျခံရမည်ဟု ဆိုခဲ့သည်။ Ref ;Reuters