images
UN
UN
မက်ဒရစ်မြို့၏အကောင်းဆုံးအားကစားသမားဆုကို ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်ရရှိ
Friday, 11 January 2019
ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်သည် မက်ဒရစ် မြို့၏အကောင်းဆုံးအားကစားသမားဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ ပြီးခဲ့သောနှစ်အတွင်း စွမ်းဆောင်ရည်မြင့်မားခဲ့သူများကို ဆုရွေး ချယ်ချီးမြှင့်ခြင်းဖြစ်ပြီး အားကစားသမားများအတွင်း ရာမို့စ်သည် မဲအများဆုံးရရှိခဲ့ခြင်းလည်းဖြစ်သည်။ မက်ဒရစ်အစိုးရအဖွဲ့ အကြီး အကဲ အိန်ဂျယ်လ်ဂါရီဒိုက ရာမို့စ်အား ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ရာမို့စ်က ဒေသတွင်း အသင်းတစ်သင်းကို ဦးဆောင်ခွင့်ရခြင်း အတွက် ဂုဏ်ယူမိသည်ဟုဆိုခဲ့ပြီး ဆု၏အဓိပ္ပာယ်အတွက် ဆက် လက်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။ Ref ;Marca