images
UN
UN
အလှတရား ထွန်းပါစေ(ကဗျာ)
သက်နိုင်(ကြို့ပင်ကောက်) Friday, 11 January 2019
* လမင်းပုန်းကွယ် ကြယ်စင်မလက်
မည်းနက်မှောင်ပိတ် တိတ်တိတ်ဆိတ်ဆိတ်
ည အရိပ်ဝယ် အိပ်ကုန်ကြပြီ။
* သစ်ရွက်ခတ်သံ လေတိုးသံမျှ
တစ်ရံမကြား ဝေဝေဝါးဝါး
ချောက်ချားစိတ်ထွေ လန့်ထိတ်နေပေါ့။
* အမှောင်အားကိုး သည်ညမျိုးမှာ
သူခိုးဓားပြ ကပ်ကြမည်လား။
* ရန်ဟောင်းမပြေ ဆူဝေဒေါသ
အာဃာတနှင့် မိုက်ကြမည်လား။
* စားဝတ်နေရေး ပြေးလွှားလှုပ်ရှား
အားသည်မရှိ ဝန်ပိသည့်စိတ်
ညှဉ်းပန်းနှိပ်၍
အိပ်စက်မပျော်ကြမည်လား။
* လောကပါလ တရားလှတို့
ကွယ်ပခဲ့ပြီ သည်လိုညမျိုး
ကြီးစိုးမင်းမူသည်ဆိုလျှင်။
* မကောင်းမှုတွက် ရှက်တတ်ကြစေ
မကောင်းမှုအလုပ် စက်ဆုပ်သလောက်
ကြောက်ရွံ့ကြစေ။
* လောကပါလ အလှတရား
နှလုံးသားမှာ မွေးဖွားသန့်စင်
ကြာပန်းသွင် ဖြူစင်ပျံ့မွှေး
ရနံ့ပေးကာ...
အေးမြငြိမ်းချမ်းပါစေသတည်း။