images
UN
UN
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ၂ဝ၁၉ ခုနှစ် မတ်၂၃ ရက်တွင် ကျင်းပမည်
အလင်း Saturday, 12 January 2019
၂ဝ၁၈ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်း အနား ကျင်းပမည့်အကြောင်း စာနယ်ဇင်းမိတ်ဆက်ရှင်းလင်းပွဲ ကို ဇန်နဝါရီ ၁၂ ရက်တွင် ရန်ကုန် မြို့ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ကျင်းပခဲ့သည်။
အဆိုပါအကယ်ဒမီဆုပေးပွဲ အခမ်းအနားကို မတ် ၂၃ရက် (စနေနေ့)တွင်ရန်ကုန်မြို့အရှေ့မြင်း ပြိုင်ကွင်းလမ်းရှိ ''ရွှေထွဋ်တင်'' ကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီားငေညျစသညျသမ ရ main sponsor & co-sponsor များအဖြစ် Moon Myanmar Media နှင့်ABC Content Solution တို့မှပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပြီး ဆုပေါင်း ၁၁ဆုအပြင် တစ်သက်တာထူးချွန်ဆု အထူးဆု တစ်ဆုပါပေးအပ်သွားမည်ဖြစ်ပြီး ဆုရရှိသူများအား ရွှေစင်ရုပ်တု တွင်ပါရှိသော ရွှေကြယ်၌ ရွှေစင် ငါးကျပ်သားချီးမြှင့်သွားမည်ဖြစ် ပြီး တစ်သက်တာရုပ်ရှင်ထူးချွန်ဆု ရရှိသူအတွက်အသက်ရှိစဉ်အတွင်း လစဉ်ငွေကျပ်ငါးသိန်းထောက်ပံ့ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရ သည်။
''မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးအနေနဲ့ ကျင်းပမယ့်ခြောက် ကြိမ်မြောက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲကို အမှန်တရားနဲ့နီးစပ် အောင်၊ တရားမျှတမှုရှိအောင်၊ အဂတိတရားကင်းအောင်ကျွန်တော် တို့ ကြိုးစားလုပ်ဆောင်သွားမယ်။အရင်နှစ်တွေထက်တော့စစ်မှန်မှု ရသင့်ရထိုက်တဲ့သူရနိုင်လိမ့်မယ် လို့ပြောချင်ပါတယ်''ဟု မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဇင်ဝိုင်းက ပြောသည်။
အကယ်ဒမီထူးချွန်ဆုချီးမြှင့် ရန်အတွက် ယခင်နှစ်များတွင် ရုပ်ရှင်ဇာတ်ကားကြီး ၅၃ ကားရုံ တင်ပြသနိုင်ခဲ့ပြီး ယခုနှစ်အတွက် ၈၃ ကား ရုံတင်ပြသနိုင်ခဲ့ကာ ထူးချွန်ဆုများပေးအပ်ရန် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှ စတင် ပြီး ဆုချီးမြှင့်ရန်အတွက် ဇာတ် ကားများကို အကဲဖြတ်အဖွဲ့ဝင် ၄ဝ က စတင်စစ်ဆေးကြည့်ရှုခဲ့ပြီး လက်ရှိတွင် ၄၂ ကားကို ကြည့်ရှု ခဲ့ပြီးဖြစ်ကြောင်းသိရသည်။