images
UN
UN
ကျေးဇူးရှင်ဖခင်ကြီး တွံတေးသိန်းတန်၏ ကွယ်လွန်ခြင်းနှစ်(၂ဝ)ပြည့် နှင့် မိခင်ကြီး ဒေါ်ချစ်စပယ်တို့အား ရည်စူး ၍ သိက္ခာထပ်အလှူ တော်မင်္ဂလာပြုလုပ်
ဒဂုံဝေလင်း Saturday, 12 January 2019
ကျေးဇူးရှင်ဖခင်ကြီး တွံတေးသိန်းတန်၏ ကွယ်လွန်ခြင်းနှစ်(၂ဝ) ပြည့်အထိမ်းအမှတ်နှင့် ကျေးဇူးရှင်မိခင်ကြီး ဒေါ်ချစ်စပယ်တို့အား ရည်စူးပြီး ဒေါက်တာရွှေမန်းဦးသူရ (အစိုးရဓမ္မာစရိယ) (မိုးကုတ် ဝိပဿနာအေးရိပ်သာကျောင်းတိုက် )ဆရာတော်ကြီးအား ကံထပ်၊ သိက္ခာထပ်၊ အလှူမင်္ဂလာနှင့်သံဃာတော်များအား ဆွမ်း၊သင်္ကန်းနှင့် လှူဖွယ်အစုံဆက်ကပ်ခြင်း အလှူတော်မင်္ဂလာပြုလုပ်ပွဲ အခမ်းအနား ကို ရန်ကုန်မြို့ မိုးကုတ်ဝိပဿနာအေးရိပ်သာကျောင်းတိုက်တွင် ဇန်နဝါရီ ၁၁ရက် နံနက် ၉နာရီက တွံတေးသိန်းတန်၏ သားသမီး များက ပြုလုပ်ခဲ့သည်။
ဆရာတော်ဒေါက်တာရွှေမန်းဦးသူရ(အစိုးရဓမ္မာစရိယ) (မိုးကုတ် ဝိပဿနာအေးရိပ်သာကျောင်းတိုက်) ဆရာတော်ကြီးသည် ယခုအခါ ဝါတော် ၅၂ ဝါ သက်တော် ၇၂နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။