images
UN
UN
မေလထဲတစ်ကိုယ်တော်ခွေထွက်မယ့်Bobby Soxer
ကိုလင်း Saturday, 12 January 2019
အခုတလောမှာ ဂီတလှုပ်ရှား မှုသိပ်မတွေ့ရလို့ ဘာတွေလုပ်နေ လဲဆိုတာမေးကြည့်တော့ ''ညီမရဲ့ Album ကို မေလမှာထွက်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ဒီအခွေမှာ တော့ Melody တော့ နည်းမယ်။ အခုလတ်တလောFeel လာနေတဲ့ ပုံစံလေးတွေပါမယ်''လို့ ဆိုလာ သလို ပေါင်းသင်းဆက်ဆံရေးနှင့် ပတ်သက်ပြီးတော့လည်း ''ထက် ကအနေအေးတော့လေ စကားဆို တာပြောတာများရင် အမှားပါတတ် လို့လေ။အပိုတွေသိပ်မပြောဘူး။လို သလောက်ပဲပြောပါတယ်။အတတ် နိုင်ဆုံးလည်း ပေါင်းသင်းဆက်ဆံ ရေးမှာပိုပြီးအဆင်ပြေအောင် ကြိုး စားနေပါတယ်။ ညီမကအနေအေး တယ်။ အိမ်ထဲမှာနေပြီး ဂိမ်းဆော့ နေတာများတယ်။ အတတ်နိုင် ဆုံးပေါင်းသင်းဆက်ဆံရေးမှာ Social ပိုဖြစ်အောင်ကြိုးစားနေပါ တယ်။ ထက်တို့အဆိုတော်ဖြစ်တဲ့ အချိန် ကံကောင်းတယ်လို့တောင် ပြောလို့ရပါတယ်။ ဟိုးခေတ်က အဆိုတော်တွေလောက် Album တွေFicical Sale တွေမရောင်းရ ပေမယ့် အဓိကShow ပွဲတွေနဲ့ ပိုက် ဆံရှာလို့ရခဲ့ကြတယ်။ အခုကျ တော့ သူ့ခေတ်နဲ့သူ့အခါလို့ ပြောရ မှာပေါ့၊ မရောင်းရတာ မဆိုရတာ တွေကို ထိုင်ပြီးညည်းနေလို့ မရပါ ဘူး။ အဲဒီအတွက်လည်း စိတ်မ ကောင်း ဖြစ်ရတာတွေမရှိပါဘူး။ ဒါကလည်း ခေတ်ကာလအရ ဒီလိုပါပဲ။ ညီမတို့ရှေ့မှာဆိုလည်း ဂီတအပြောင်းအလဲလေးတွေရှိခဲ့ တာပါပဲ။ အဲလိုပါပဲGeneration လည်း ပြောင်းလာသလို Music လည်းပြောင်းလာမယ်။ ဒါကတော့ လက်ခံကို လက်ခံပေးရမှာပေါ့။ လက်မခံရင်Old School ဘွား တော်ကြီးဖြစ်သွားမှာပေါ့'' ဟု သူမက ပြောလာခဲ့သည်။