images
UN
UN
ယခင်ကနာမည်ကြီးခဲ့သည့်ဇာတ်လမ်းအတိုင်း မေရီပေါ်ပင် ပြန်လာပြီ
စာနယ်ဇင်းရေချမ်း Saturday, 12 January 2019
Mary Poppins Returns (ဇာတ်လမ်းအကျဉ်း)

၁၉၃ဝပြည့်နှစ်အချိန်ကာလ လန်ဒန်မြို့တွင် စီးပွားပျက်ကပ်ဆိုက် နေချိန် သားသမီးသုံးယောက်နှင့် အတူနေထိုင်သော အရွယ်ရလာပြီ ဖြစ်သည့် Michael (Ben Wis- haw)နှင့်Jane Banks(Emily Mortimer) တို့ကို ဇာတ်ကြောင်းပြု ၍ ရိုက်ကူးထားခြင်းဖြစ်သည်။ Michael က သူ၏သားသမီးသုံး ယောက်(Pixie Davies, Nathan- ael Saleh, Joel Dawson) အပါ အဝင်Ellen ဟူသော အိမ်အကူတို့ နှင့်အတူ ချယ်ရီပင်လမ်းတွင်နေ ထိုင်ကြပြီးMichael တွင် ပုဂ္ဂိုလ် ရေးဆုံးရှုံးမှုတစ်ခုကြုံတွေ့ခဲ့ရပြီး နောက်Michael ၏ မိသားစုထဲ သို့Jack(Lin-Manuel Mir- anda) ဟုအမည်ရသော လမ်းမီး ထွန်းသူနှင့် ထူးခြားသောရုပ်သွင် ရှိသည့် ညီအစ်မဝမ်းကွဲတော်စပ် သောTopsy ဆိုသူတို့က ပဟေဠိ ဆန်သည့်Mary Poppins (Emi- ly Blunt)ကို ဆက်သွယ်ခဲ့ပြီး Mary Poppins သည် သူမ၏ သူငယ်ချင်းဖြစ်သူJack ၏ အကူ အညီနှင့်အတူ အနှိုင်းမဲ့သောမှော် စွမ်းအင်များဖြင့် မိသားစုဘဝ အတွင်း၌ ပျောက်ဆုံးသွားသော ပျော်ရွှင်မှုနှင့် အံ့သြဖွယ်ရာများကို ပြန်လည်ရရှိအောင် ကူညီဆောင် ကြဉ်းပေးပုံကို စိတ်ဝင်စားဖွယ် ကောင်းအောင်ရိုက်ကူးတင်ဆက် ထားသော ဇာတ်ကားတစ်ကား ဖြစ်သည်။