images
UN
UN
ဟယ်ရီကိန်း၏အဆင့်အတန်းသို့ ရက်ရှ်ဖို့ဒ်ရောက်မည်ဟု ဆိုးလ်ရှားပြော စပါးကို တိုက်စစ်ဆင်ကစားသွားမည်ဟု ကွင်းလယ်လူ လင်ဂတ် ဖွင့်ဟ
Saturday, 12 January 2019
မန်ယူယာယီနည်းပြဆိုးလ်ရှား က တိုက်စစ်မှူးရက်ရှ်ဖို့ဒ်သည် စပါးမှ ဟယ်ရီကိန်းကဲ့သို့ ခြေစွမ်း ပြလာနိုင်လိမ့်မည်ဟု ပြောကြား လိုက်သည်။ ရက်ရှ်ဖို့ဒ်သည် ဆိုးလ် ရှားလက်ထက်တွင် တိုက်စစ်၌ ပြန်လည်ခြေစွမ်းပြလာနိုင်ခဲ့သူဖြစ် ပြီး ပုံမှန်ပွဲထွက်ခွင့်ရရှိနေသော ကစားသမားဖြစ်သည်။ ၄င်းသည် နောက်ဆုံးကစားခဲ့သော ရှစ်ပွဲတွင် ငါးဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူ ဖြစ်သည်။
သို့သော် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ပွဲ၌ ၁၄ ဂိုးသွင်းယူပေးထားပြီး လေးဂိုး ဖန်တီးပေးနိုင်ခဲ့သော ကစားသမား ဖြစ်သည်။ ယခုရာသီပြိုင်ပွဲစုံ ပွဲ ၃ဝ တွင် ဂိုး ၂ဝ သွင်းယူပေးထား ပြီး ခြောက်ဂိုး ဖန်တီးပေးထားသူ ဖြစ်သည်။ ထို့ကြောင့် ယခုရာသီ ၌ ပြိုင်ပွဲစုံ ၂၅ ပွဲကစားကာ ခုနစ် ဂိုးသွင်းယူ၍ ခြောက်ဂိုး ဖန်တီးပေး ထားသည့် ရက်ရှ်ဖို့ဒ်နှင့် အဆင့် အတန်းကွာဟနေသည်။
ဆိုးလ်ရှားက ''ရက်ရှ်ဖို့ဒ်က အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုး စားတဲ့ကစားသမားပါ။ ဒါကြောင့် ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်ဆိုတာ သေချာပါ တယ်။ သူဟာ ဟယ်ရီကိန်းလို ပုံစံမျိုးဖြစ်လာဖို့ ဝမ်းစာပြည့်ဝတဲ့ ကစားသမားတစ်ယောက်ပါ''ဟု ပြောကြားခဲ့သည်။ ဆိုးလ်ရှားသည် စပါးနှင့်ကစားမည့်ပွဲတွင် အနိုင် ရရှိခဲ့ပါက မန်ယူအသင်းသမိုင်း တစ်လျှောက် အဖွင့်ပွဲခြောက်ပွဲ ဆက် အနိုင်ရသော ပထမဆုံး နည်းပြဖြစ်လာမည်ဖြစ်သည်။ သို့ သော် ၄င်းက မှတ်တမ်းမှတ်ရာ များအပေါ် အာရုံရောက်မှုမရှိဘဲ ပွဲအတွက်သာ အာရုံစိုက်နေသည် ဟု ဖွင့်ဟသွားခဲ့သည်။
မန်ယူကွင်းလယ်လူ လင်ဂတ် ကမူ ၄င်းတို့၏အထက်တွင် ရပ် တည်နေသော စပါးကွင်းသို့ သွား ကစားရမည်ဖြစ်သော်လည်း တိုက် စစ်ဆင်သည့် နည်းစနစ်ကိုသာ အသုံးပြုသွားမည်ဟု ဖွင့်ဟသွား ခဲ့သည်။ ဆိုးလ်ရှားလက်ထက်တွင် မန်ယူသည် တိုက်စစ်ကစားပုံသို့ ပြောင်းလဲခဲ့ပြီး နိုင်ပွဲရရှိခဲ့သည့် ငါးပွဲအတွင်း စုစုပေါင်း ၁၆ ဂိုး အထိ သွင်းယူနိုင်ခဲ့သည်။ လင် ဂတ်က စပါးနှင့်ပွဲအတွက်ပြင်ဆင် မှုများပြုလုပ်ရာတွင် ယခင်ငါးပွဲ ၌ အသုံးပြုခဲ့သည့်နည်းစနစ်များ အတိုင်းသာ တိုက်စစ်ဆင်ရန် ပြင်ဆင်နေသည်ဟု ပြောကြားခဲ့ သည်။ Ref ;Dailymail