images
UN
UN
ပရိသတ်အတွက် ဂုဏ်ပြုပွဲကစားရန် လီဗာပူးဂန္ထဝင်များစီစဉ်
Saturday, 12 January 2019
လီဗာပူးကစားသမားဟောင်းများသည် အိုင်ယာလန်လက်ရွေး စင်ကစားသမားဟောင်းများနှင့် လာမည့် ဧပြီ ၁၂ ရက်တွင် ဒဗ္ဗလင်မြို့၌ ဂုဏ်ပြုပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ပြီးခဲ့သောနှစ်က ရိုးမားပရိသတ်များ၏ တိုက်ခိုက်မှုကိုခံခဲ့ရသဖြင့် ဒဏ်ရာရရှိခဲ့သည့် လီဗာပူးပရိသတ် စီရန်ကော့စ်အတွက် ရည် ရွယ်၍ အဆိုပါပွဲကို ယှဉ်ပြိုင်ကစားခြင်းလည်းဖြစ်သည်။ စီရန် ကော့စ်သည် ရိုးမားပရိသတ်များ၏ တိုက်ခိုက်မှုခံခဲ့ရပြီးနောက် ဆေးရုံတွင် ကာလရှည်ကုသမှု ခံယူနေရသောကြောင့် ထောက်ပံ့ ငွေရရန် ကြိုးစားပေးခြင်းလည်းဖြစ်သည်။ Ref ;Dailymail