images
UN
UN
ကွင်းလယ်လူဖယ်လိုင်နီကိုခေါ်ရန် အေစီမီလန် စောင့်ကြည့်
Saturday, 12 January 2019
အေစီမီလန်သည် မန်ယူကွင်းလယ်လူ ဖယ်လိုင်နီကိုခေါ်ယူ ရန်စောင့်ကြည့်နေကြောင်း သိရသည်။ ဖယ်လိုင်နီသည် မော်ရင်ဟို လက်ထက်က နည်းစနစ်ပိုင်းအရ အရေးပါခဲ့သူဖြစ်သော်လည်း ယာယီနည်းပြဆိုးလ်ရှားလက်ထက်တွင် အရန်ခုံ၌သာထိုင်နေရ သည်။ ထို့ကြောင့် လာမည့်နွေတွင် စာချုပ်သက်တမ်းကုန်ဆုံးတော့ မည့် ၄င်းကို မန်ယူက စာချုပ်သစ် ကမ်းလှမ်းဖွယ်မရှိတော့ပေ။ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလ၌ပင် ဖယ်လိုင်နီနှင့် သဘော တူညီမှုယူထားရန် အေစီမီလန်က ကြိုးစားမည်ဖြစ်သော်လည်း ပေါ်တိုကလည်း ၄င်းကို ခေါ်ယူလိုနေသည်။Ref ;Footballitalia