images
UN
UN
အိုင်ကာဒီ၏လစာကို မကြာမီရက်ပိုင်းအတွင်း အင်တာမီလန်သတ်မှတ်တော့မည်
Saturday, 12 January 2019
အင်တာမီလန်သည် တိုက်စစ်မှူးအိုင်ကာဒီအား ပေးချေလိုသည့်လစာကို လာမည့်အင်္ဂါနေ့တွင် သတ် မှတ်တော့မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အိုင်ကာဒီ၏အေးဂျင့်အဖြစ် တာဝန်ယူနေသော ကစား သမား၏ဇနီးသည်က အင်တာမီလန်နှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ရန် လွယ်ကူလိမ့်မည်မဟုတ်ဟု ဖွင့်ဟခဲ့ သောကြောင့် ကစားသမား၏အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာခဲ့သည်။ အိုင်ကာဒီသည် အင်တာမီလန်နှင့် စာချုပ်သစ်ချုပ်ဆိုရာတွင် လစာကို တစ်နှစ်လျှင် ယူရို ၁ဝ သန်းအထိ လိုချင်နေသည်။ သို့သော် အင်တာမီလန်က ၄င်းကို ယူရိုခုနစ်သန်းဝန်းကျင်သာ ပေးချေရန်ဆန္ဒရှိနေပြီး အပိုဆုကြေးစနစ်ကိုထည့် သွင်းကာ ၂ဝ၂၃ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလိုနေသည်။ Ref ;Correie Dello Sport