images
UN
UN
ကင်းတားရေလှောင်တမံရေဝပ်ဧရိယာအတွင်း စက်တပ်ရေယာဉ်များနှင့် တရားမဝင်သစ်သယ်ဆောင်သူများအား ဖမ်းဆီးပေးရန်ဒေသခံများလိုလားနေ
ဒေသခံ Monday, 14 January 2019
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် အရှေ့တောင် ဘက် ၂၅ မိုင်ခန့်တွင် ကင်းတား ဘက်စုံရေလှောင်တမံကြီးကို ၁၉၈ဝ ပြည့်နှစ်မှ စတင်တည် ဆောက်ခဲ့ရာ ၁၉၉ဝပြည့်နှစ်တွင် ပြီးစီးခဲ့သည်။
တမံအမျိုးအစားမှာကျောက် ဖြည့်တမံဖြစ်ပြီး တမံအမြင့်မှာ ၂၃၆ ပေနှင့် အလျားမှာ ၂ဝ၃၄ ပေဖြစ်ပြီး ကင်းတားရေလှောင် တမံမှာ လက်ဝဲတူးမြောင်း၊လက် ယာတူးမြောင်းနှင့် ပန်းလောင် မြစ်မှတစ်ဆင့် ရေသောက်စနစ် ဖြင့် တောင်သူလယ်သမားများ ကို ရေပေးဝေလျက်ရှိသည်။ကင်းတားရေလှောင်တမံ ရေဝပ် ဧရိယာအတွင်းစက်တပ်ရေယာဉ် များနှင့် ကျူးကျော်တဲများ ဆောက်လုပ်နေထိုင်မှုကိုတားမြစ် ထားသော်လည်း တရားမဝင် သစ်သယ်ဆောင်သည့်ယာဉ်များ ရှိနေဆဲဟု သိရသည်။
''ကူမဲ-ကင်းတားရေလှောင် တမံ (၂၁)မိုင်လမ်းပိုင်းတွေပေါ် မှာက တရားမဝင်သစ်ကားတွေ သွားလာနေပေမယ့်သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖမ်းဆီးခြင်း အားနည်းပါတယ်။ အလားတူ ကင်းတားတမံအနီးမှာဆိုရင်ရဲ ကင်း ဂိတ်တွေလည်းရှိပါတယ်။ ဒါပေမဲ့ယခုလ၁ဝရက်အထိတော့ တရားမဝင်သစ်ကားတွေသွားလာ နေတုန်းပါ''ဟုကင်း တားတမံ အနီးရှိ(ယခင်)ကျေးရွာအုပ်ချုပ် ရေးမှူးဟောင်းက ပြောသည်။
ကင်းတားရေလှောင်တမံ ကြီးသည်မြစ်သားမြို့နယ်အတွင်း ရှိ စိုက်ပျိုးတောင်သူများ အဓိက အားထားနေရသည့် ဆည်တမံ တစ်ခုအဖြစ် ရေရှည်တည်တံ့နေ ရေးအတွက် ယခုအခါသက်ဆိုင် ရာတာဝန်ရှိသူများက ကင်းတား ရေလှောင်တမံ ရေဝပ်ဧရိယာ အတွင်း တရားမဝင်သစ်ဆွဲရေ ယာဉ်များ၊ကျူးကျော်တဲအိမ်များ မရှိစေရေးအတွက် ဆိုင်းဘုတ် များစိုက်ထူထားရှိခြင်း စသည် များဆောင်ရွက်ထားသကဲ့သို့ လိုက်နာမှုမရှိသူများကိုလည်း တည်ဆဲဥပဒေဖြင့်အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြစ် သားမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ အသိပေးထား သော်လည်း ယနေ့အချိန်ထိ ထိရောက်သည့်ဖမ်းဆီးမှုများ မရှိသေးကြောင်း မြစ်သားမြို့ နယ်ရှိပြည်သူများထံမှသိရသည်။