images
UN
UN
မြန်မာ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေဖြည့်ဆည်းရမည့်ကွက်လပ်တစ်ခု
ကြီးမြတ်နိုင် Monday, 14 January 2019
ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ စတင်ဖော်ဆောင်ခဲ့သော ၂ဝ၁၁ ခုနှစ် နောက်ပိုင်းတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်ခဲ့သော မြန်မာ့စီးပွားရေးကဏ္ဍ သည် ဖွံ့ဖြိုးမှုအရှိန်လျော့ကျသွားမှုများ နှင့် ရင်ဆိုင်ရလျက်ရှိသည်။ မြန်မာ့စီးပွား ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအရှိန်လျော့ကျ သွားစေခဲ့သည့် အကြောင်းအရင်းများ ထဲ၌ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု လျော့ကျသွားခြင်းကဲ့သို့ အကြောင်းအရာအများအပြား ပါဝင်လျက် ရှိသည်။ သို့သော် မြန်မာ့စီးပွားရေးကဏ္ဍ အား အရှိန်အဟုန်မြင့်မားသည့် ဖွံ့ဖြိုး တိုးတက်မှုများ ပြန်လည်ပိုင်ဆိုင်ရန် ကြိုး ပမ်းရာတွင် မဖြစ်မနေဖြည့်ဆည်းရန် လို အပ်နေသည့်ကွက်လပ်များ ရှိနေသည်။ ဖြည့်ဆည်းရမည့်ကွက်လပ်များထဲတွင် အာမခံလုပ်ငန်းများ ဖွံ့ဖြိုးရေးဆိုသည့် ကွက်လပ်လည်း ပါဝင်လျက်ရှိသည်။
မြန်မာနိုင်ငံအတွင်း၌ အာမခံလုပ်ငန်း များ ဖွံ့ဖြိုးစေရန် ရည်ရွယ်ဆောင်ရွက် သည့် လုပ်ဆောင်ချက်များထဲတွင် နိုင်ငံ ခြားအာမခံလုပ်ငန်းများအား မြန်မာနိုင်ငံ အတွင်း၌ ဝန်ဆောင်မှုများ ပေးအပ်နိုင် ရန် ဖန်တီးပေးခြင်းကဲ့သို့ လုပ်ဆောင် ချက်များ ပါဝင်လျက်ရှိသည်။ မြန်မာ နိုင်ငံအတွင်း၌ နိုင်ငံခြားအာမခံလုပ်ငန်း များအား လုပ်ငန်းလည်ပတ်မှုများပြုလုပ် နိုင်ရန်အတွက် လိုအပ်သည်များကို စီစဉ် ဆောင်ရွက်လျက်ရှိသော်လည်း လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဘဲ နှောင့်နှေးမှုများ ကြုံတွေ့လျက်ရှိသည်။ ၂ဝ၁၁ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံ အတွင်း၌ အာမခံလုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် ဖြေလျှော့မှုများ စတင်ပြုလုပ် ခဲ့သော်လည်း လက်ရှိအချိန်အထိ နိုင်ငံ ခြားအာမခံကုမ္ပဏီများအား ဝန်ဆောင်မှု များ ကျယ်ကျယ်ပြန့်ပြန့် ပေးအပ်နိုင်ရန် ဖန်တီးပေးနိုင်ခြင်းမျိုး မရှိသေးပေ။
နိုင်ငံခြားအာမခံလုပ်ငန်းများ ဝန် ဆောင်မှုပေးအပ်နိုင်ရန် ရေးဆွဲလျက်ရှိ သော ဥပဒေနှင့် နည်းဥပဒေများကို အတည်ပြုရန် ကြန့်ကြာလျက်ရှိသော ကြောင့် နှောင့်နှေးမှုများနှင့်ကြုံတွေ့နေ ခြင်းဖြစ်သည်။ လာမည့်ဧပြီလအတွင်း၌ နိုင်ငံခြားအာမခံလုပ်ငန်းများအား ဝန် ဆောင်မှုများ ပေးအပ်နိုင်ရန် အထောက် အကူဖြစ်စေမည့် ဥပဒေနှင့်နည်းဥပဒေ များအား အတည်ပြုပြဋ္ဌာန်းနိုင်မည်ဟု မျှော်လင့်ထားကြသည်။ မြန်မာနိုင်ငံအတွင်း ၌ ရုံးခွဲများဖွင့်လှစ်ထားသော နိုင်ငံခြား အာမခံလုပ်ငန်းကုမ္ပဏီအရေအတွက် မှာ ဆယ်ဂဏန်းမက ရှိနေပြီဖြစ်သည်။ သို့သော်လက်ရှိအချိန်အထိ ရုံးခွဲများဖွင့် လှစ်ထားသော နိုင်ငံခြားအာမခံလုပ်ငန်း ကုမ္ပဏီများသည် သုတေသနပြုလုပ်ခွင့် ရရှိမှု၊ ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အတွက် ပြင်ဆင်ခွင့်ရရှိမှု၊ ဝန်ဆောင်မှု များ ပေးအပ်နိုင်ရန် အစိုးရအဖွဲ့အား ညှိနှိုင်း ဆွေးနွေးတောင်းဆိုခွင့်ရရှိမှု ဆိုသော အခန်းကဏ္ဍများတွင် အကန့်အသတ်များ နှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် ဖိအား အသွင်ဖြစ်လာသည့် အခြေအနေအချို့ကို လည်း မြင်တွေ့နေရပြီဖြစ်သည်။
အာဆီယံဒေသတွင် နောက်ကျကျန်နေသော မြန်မာ့အာမခံလုပ်ငန်းကဏ္ဍ
မြန်မာနိုင်ငံအတွင်းရှိ အာမခံလုပ်ငန်း များ၏ အခြေအနေမှာ ကျယ်ပြန့်လာမှု အပိုင်းတွင် နှေးကွေးလျက်ရှိကြောင်း တွေ့ရမည်ဖြစ်သည်။ အာမခံထားရှိမှုနှုန်း
သိသိသာသာတိုးပွားလာသည့် ကားအာမခံ ထားခြင်းကဲ့သို့ ကဏ္ဍများ၌ပင် ကျယ်ပြန့် မှု သို့မဟုတ် ဈေးကွက်ချဲ့ထွင်နိုင်မှု အခြေအနေမှာ ဖြစ်သင့်သည့်အနေအထား အောက်သို့ ရောက်ရှိနေကြောင်း တွေ့ရ မည်ဖြစ်သည်။ မြန်မာ့အာမခံလုပ်ငန်းများ ၏ ဖြတ်သန်းမှုသမိုင်းအား ပြန်လည် ကြည့်ရှုမည်ဆိုပါက ၂ဝ၁၃ ခုနှစ်အထိ နိုင်ငံပိုင်အာမခံလုပ်ငန်းကသာ အာမခံ လုပ်ငန်းနှင့်ဆိုင်သည့် ဝန်ဆောင်မှုများကို ပေးအပ်ခဲ့ကြောင်း တွေ့ရမည်ဖြစ်သည်။
အာမခံလုပ်ငန်းများနှင့်ဆိုင်သည့် ဖြေ လျှော့မှုများ ပြုလုပ်ရာတွင် ပထမဆုံး အဆင့်၌ ကုမ္ပဏီ ၁၂ခုအား အာမခံလုပ် ငန်းများ ဆောင်ရွက်ခွင့်ရှိသည့် ခွင့်ပြု ချက်ချထားပေးခဲ့ကြောင်း မြင်တွေ့ခဲ့ရ သည်။ သို့သော် ခွင့်ပြုချက်ရရှိခဲ့သည့် ကုမ္ပဏီများသည်လည်း အကန့်အသတ် များအောက်တွင်သာ ဝန်ဆောင်မှုများ ပေးအပ်ခဲ့ရသည်။ ၂ဝ၁၇ ခုနှစ်တွင် ဂျပန် နိုင်ငံတွင် အခြေစိုက်ထားသော အာမခံ လုပ်ငန်းကုမ္ပဏီ သုံးခုအား ဝန်ဆောင်မှု များပေးအပ်ရန် ခွင့်ပြုခဲ့သော်လည်း ရန်ကုန်မြို့အနီးတွင် ဖွင့်လှစ်ထားသည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ လုပ်ငန်းစုများကိုသာ အာမခံလုပ်ငန်းနှင့် ဆိုင်သည့် ဝန်ဆောင်မှုများ ပေးအပ်ခွင့် ရရှိခဲ့သည်။
လက်ရှိအချိန်၌ နိုင်ငံပေါင်း ၁၄နိုင်ငံ မှ အာမခံလုပ်ငန်းကုမ္ပဏီ ၃၁ခုသည် မြန်မာနိုင်ငံအတွင်း၌ ရုံးခွဲများ ဖွင့်လှစ် ထားပြီးဖြစ်သည်။ ရုံးခွဲဖွင့်လှစ်ထားသည့် ကုမ္ပဏီတိုင်းက မြန်မာနိုင်ငံသားများ အားလုံးကို လွှမ်းခြုံနိုင်သော အာမခံ လုပ်ငန်းနှင့်ဆိုင်သည့် ဝန်ဆောင်မှုများ ပေးအပ်ခွင့်ပေးမည့် ခွင့်ပြုချက်ရရှိရန် မျှော်လင့်လျက်ရှိသည်။ အစိုးရဘက်မှ မြန်မာနိုင်ငံအတွင်း၌ အာမခံလုပ်ငန်းနှင့် ဆိုင်သည့် ဝန်ဆောင်မှုအချို့ ပေးအပ်ရန် ကုမ္ပဏီ သုံးခုကိုသာ ခွင့်ပြုချက်ပေးအပ် ထားသည်။ ကျန်ရှိနေသည့် အာမခံ လုပ်ငန်းကုမ္ပဏီများသည် ပြည်တွင်း အာမခံလုပ်ငန်းကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းကာ ဝန်ဆောင်မှုများ ပေးအပ် နိုင်သည့်အခြေအနေမျိုးနှင့်သာ ဖြတ်သန်း နေရဆဲဖြစ်သည်။ နိုင်ငံခြားအာမခံလုပ်ငန်း ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံအတွင်း ၌ ရုံးခွဲများ ဖွင့်လှစ်လိုသည်ဆိုပါက ပြည်တွင်းအာမခံလုပ်ငန်းကုမ္ပဏီတစ်ခုခု နှင့် မိတ်ဖက်သဘောတူညီမှုရယူရန် လို အပ်မည်ဖြစ်သည်။
(Ref; Foreign Insurance Firms cam Give Myanmar's Lagging Insurance Market A Much-needed Bost by John Pennington)
(ဆက်လက်ဖော်ပြပါမည်)