images
UN
UN
ဘားအံမြို့တွင် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းစတင်
နိုင်နိုင်(မွန်) Friday, 18 January 2019
ကရင်ပြည်နယ်ဘားအံမြို့တွင် ရုံးသုံး၊ လုပ်ငန်းသုံးနှင့် ဒေသခံ များ အင်တာနက်သုံးစွဲရာတွင် အဆင်ပြေစေရေးအတွက် အင်တာ နက်ဝန်ဆောင်မှု လုပ်ငန်းတစ်ခု အနေဖြင့် 5BB Wireless Broadband Global Technology ကုမ္ပဏီမှ ကြီးမှူးကျင်းပသော 5BB LTE 4G+ Wireless Broadband ဝန်ဆောင်မှုလုပ်ငန်း စတင်ခြင်းအခမ်းအနားကိုယမန်နေ့ နံနက် ၁ဝနာရီက ဘားအံမြို့ ဇွဲကပင်ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာLTE 4G+ Wireless Broadband ဝန်ဆောင်မှုလုပ်ငန်း အား ပြည်နယ်အစိုးရတာဝန်ရှိသူ များ၊ ကုမ္ပဏီမှ ဒါရိုက်တာ ဦးမင်း ဆွေလှိုင်၊ CEO ဦးသိန်းသန်းတိုး တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် ဘားအံမြို့တွင် လုပ်ငန်းစတင်ပေးအပ်ခြင်းအထိမ်း အမှတ် ကုမ္ပဏီမှဒါရိုက်တာဦးမင်း ဆွေလှိုင်၊ CEO ဦးသိန်းသန်းတိုး တို့က ရွှေယဉ်မျှော်ဘုရားဘက်စုံ ပြုပြင်မွမ်းမံနိုင်ရန် အလှူငွေကျပ် သိန်း၂ဝ၊ ကရင်ပြည်နယ်အစိုးရ အဖွဲ့ရုံးသိုLTE 4G+ Wireless Broadband စက် အလုံး၂ဝနှင့် တစ်နှစ်စာဝန်ဆောင်မှု၊ပြည်နယ် လွှတ်တော်ရုံးအတွက်LTE 4G+ Wireless Broadband စက်နှစ်လုံး နှင့် တစ်နှစ်စာဝန်ဆောင်မှု၊ ကရင် ပြည်နယ် ရင်ခွင်မဲ့လူမှုကွန်ရက် အသင်းအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းတို့ကို ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။