images
UN
UN
YBS (50) မူလဂိတ်နေရာတွင် အခြားယာဉ်လိုင်းမှ ယာဉ်များရပ်နားထားခြင်းကို ဖယ်ရှားပေးစေလို
ရဲရဲ(ဒလ) Saturday, 19 January 2019
ဒလမြို့နယ်တွင်YBS (50) ယာဉ်လိုင်းအတွက် မြို့နယ်မှ သတ် မှတ်ပေးထားသည့် ဂိတ်နေရာတွင် အခြားယာဉ်လိုင်းမှ အလှည့်မကျ သေးသော ယာဉ်များ ရပ်နားဂိတ် ထိုးထားခြင်းအား ဖယ်ရှားပေးစေ လိုကြောင်း မော်တော်ယာဉ်စီးနင်း သူ ပြည်သူများ၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ ယာဉ်ရပ်နားရာ နေရာ သည့် YBS (50) ယာဉ်လိုင်း ရွှေ တောင်ပိုင်းကုမ္ပဏီမှ ယာဉ်များ ဒလ-ကွမ်းခြံကုန်းခရီးစဉ် ပြေးဆွဲ ရာတွင် စတင်ဂိတ်ထိုးသည့်နေရာ ဖြစ်ပြီး ရွှေတောင်ပိုင်းကုမ္ပဏီမှ ခရီးစဉ်ပြေးဆွဲသည့် ယာဉ်များ ရပ် နားသွားသည့်အခါ စံဝေလကုမ္ပဏီ မှ ယာဉ်ပြေးဆွဲခဲ့သော်လည်း ဂိတ် ထိုးရန်နေရာမရှိသည့်အတွက် ခရီး သည်များ အခက်အခဲဖြစ်နေကြ ကြောင်း သိရသည်။ ယခုပြေးဆွဲ နေသည့် YBS (50) ယာဉ်လိုင်းမှ ယာဉ်များအား ကားကြီးဝင်းအ တွင်း ဂိတ်ထိုးပြေးနေရသည့်အ တွက် အဆိုပါဂိတ်နေရာသို့ ခရီး သည်များ သိရှိခြင်း မရှိခြင်းများ ကြောင့်လည်း မော်တော်ယာဉ်စီး နင်းမှု ခက်ခဲနေရခြင်းဖြစ်ကြောင်း သိရသည်။
မူလဂိတ်နေရာတွင် ပြန်လည် ၍ ဂိတ်နေရာရရှိရန် ဂိတ်မှတာဝန် ရှိသူများ ဆောင်ရွက်နေသော်လည်း ယခုတိုင် မူလဂိတ်နေရာတွင် ပြန် လည်ဂိတ်ထိုးခွင့် မရရှိခြင်းကြောင့် ဒလ-ကွမ်းခြံကုန်းခရီးသွားပြည် သူများအတွက် မော်တော်ယာဉ် စီး နင်းမှု ခက်ခဲနေသည့်အတွက် မူလ ဂိတ်နေရာတွင် ပြန်လည်ဂိတ်ထိုး စေလိုပြီး ရပ်နားထားသည့် အခြား ယာဉ်လိုင်းမှ ယာဉ်များအား ဖယ် ရှားရှင်းလင်းပေးစေလိုကြောင်း ခရီးသွားပြည်သူများ၏ ပြောကြား ချက်အရ သိရသည်။