images
UN
UN
နိုင်ငံသားတစ်ဦးအနေနဲ့ လွတ်လွတ်လပ်လပ်ထောက်ပြဝေဖန်ပိုင်ခွင့်ရှိပါတယ် ဒီမိုကရေစီဆိုပြီး အော်နေတဲ့ပုဂ္ဂိုလ်များက သူတို့အတိုက်အခံဘဝမှာ ဘယ်လိုတွေပြောခဲ့ဆိုခဲ့သလဲ
သက်ပိုင် Monday, 21 January 2019
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးတင်စိုးကို ရမည်းသင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဒုဥက္ကဋ္ဌက ပုဒ်မ ၅ဝ၅(ခ)နဲ့ တရားစွဲဆိုခြင်းကို တရားရုံးမှလက်ခံလိုက်သည့်အတွက် ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးနှင့် ဆက်သွယ်မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မေး။ ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးတင်စိုး
က ၂ဝ၁၈ခုနှစ် နိုဝင်ဘာ ၁၁ရက်က ပျော်ဘွယ်မြို့နယ် ကြက်တည်ရွာမှာ ပြည်သူတွေကို ဘာသာရေး၊ လူမျိုးရေး အရ မဟုတ်မမှန်တာတွေ ဟောပြောခဲ့ပြီး ပြည်သူတွေ အထိတ်တလန့်ဖြစ်စေခဲ့ပါ တယ်ဆိုပြီး တရားစွဲခံရတယ်လို့ သိပါ တယ်။ ဘာတွေပြောကြားခဲ့လဲဆိုတာ အရင်သိချင်ပါတယ်။
ဖြေ။ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်တစ်ဦးဆိုတာလွှတ်တော်
နားချိန်တွေမှာ ပြည်သူတွေနဲ့ထိတွေ့ရမှာ ဖြစ်ပါတယ်။ အခုလို ထိတွေ့တဲ့နေရာ မှာ ပြည်သူလူထုနဲ့ တွေ့ဆုံဖို့ကို ကြက် တည်ရွာမှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံတဲ့အခါမှာလည်းfacebook လူမှု ကွန်ရက်စာမျက်နှာမှာ တွေ့ရတဲ့ ရေးသား မှုတွေကို သူကပြည်သူလူထုကို ရှင်းပြပါ တယ်။ ဒီရှင်းပြမှုအပေါ်မှာ ထိတ်တလန့် ဖြစ်တယ်ဆိုပြီးတော့ ၅ဝ၅(ခ)နဲ့ တရားရုံး ကို ဦးတိုက်လျှောက်ထားမှု ဖြစ်ပါတယ်။ အမှန်တကယ်က သူတွေ့တာမြင်တာတွေ ကို ပြည်သူတွေကို ရှင်းပြတဲ့သဘောပါ။ ဘယ်လိုအချက်တွေပါလဲဆိုရင်တပ်မတော် အစိုးရလက်ထက်မှာ လမ်းတွေ၊ တံတား တွေဆောက်ခဲ့တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့ အချက်တွေပါ။ နောက် ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ ဆောင် ရွက်မှုလုပ်ငန်းစဉ်တွေပါတယ်။ လက်ရှိ အခြေအနေပေါ်မှာ ဖြစ်ပေါ်နေမှုတွေကို ရှင်းပြတယ်။ အဲဒီလိုရှင်းပြတဲ့အခါမှာ လက်ရှိအခြေအနေ ဖြစ်ပေါ်နေမှုဆိုတဲ့ ကိစ္စမှာfacebook စာမျက်နှာတွေပေါ်မှာ ရေးသားချက် တော်တော်များများကို ရှင်း ပြခဲ့ခြင်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ပါတီအနေနဲ့ကတော့ အခုစွဲ ထားတဲ့ ၅ဝ၅ဆိုတာ ကင်းလွတ်ခွင့်ရှိပါ တယ်။
ဒီကင်းလွတ်ခွင့်တွေနဲ့အညီ ဆောင်ရွက်မယ်ဆိုရင် သူ့အနေနဲ့ တရား စွဲဆိုစရာအကြောင်း မပေါ်ပေါက်ဘူးလို့ မြင်ပါတယ်။
မေး။ ပြည်ခိုင်ဖြိုးပါတီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦး
တရားစွဲခံရတာနဲ့ပတ်သက်လို့ ပါတီအနေ နဲ့ ဘယ်လိုကူညီဆောင်ရွက်ပေးသွားမလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ။ ကျွန်တော်တို့ပါတီက ဥပဒေကို လေးစားလိုက်နာတဲ့ပါတီဖြစ်ပါတယ်။
ကျွန်တော်တို့က အတိုက်အခံနေရာမှာ ရှိသော်ငြားလည်း အခြားသောအဖွဲ့ အစည်းတွေ ကျင့်သုံးသလို ထိပ်တိုက်ရင် ဆိုင်ဆောင်ရွက်တဲ့အဖွဲ့အစည်းမျိုးမဟုတ် ပါဘူး။အတိုက်အခံနိုင်ငံရေးယဉ်ကျေးမှုနဲ့ အညီ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ စနစ် ပိုမိုရှင်သန်လာအောင်လို့ ရပ်တည် ဆောင်ရွက်နေတဲ့ ယှဉ်ပြိုင်ပါတီအနေနဲ့ ရပ်တည်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့က ထိပ်တိုက်ရင်ဆိုင်မှုမျိုး မလုပ်ဘဲ ဥပေဒနဲ့အညီ ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။တစ်ဖက်ကလည်း စဉ်းစားနိုင် ဖို့က သူသည် တိုင်းဒေသကြီးရဲ့ လက်ရှိ ကိုယ်စားလှယ်ဖြစ်ပါတယ်။ အဲဒီမဲဆန္ဒ နယ်က ပြည်သူလူထုရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ဦးတင်စိုး ကို တရားစွဲဆိုခြင်းက ပြည်သူလူထုကို တရားစွဲဆိုနေတာလားဆိုတာ ကျွန်တော် တို့အနေနဲ့ သံသယဖြစ်မိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီအနေနဲ့က တော့ ပြည်သူကိုယ်စားပြု၊ ပြည်သူက ရွေးချယ်ထားတဲ့ကိုယ်စားလှယ်လောင်း တစ်ယောက်ကို ဥပဒေနဲ့အညီ ဖြေရှင်း ဆောင်ရွက်နိုင်ဖို့ကို ကျွန်တော်တို့က ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။
မေး။ အခုလို ပြည်ခိုင်ဖြိုးပါတီက တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား
လှယ်ကို ပြိုင်ဘက်ပါတီက တရားစွဲတာ နဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိ တဲ့သူ တစ်ဦးအနေနဲ့ ဘယ်လိုပြောချင်ပါ သလဲ။
ဖြေ။ ကျွန်တော်တို့ပါတီက လွှတ်တော် ကိုယ်စားလှယ်ကို တရားစွဲဆိုခြင်း
က ပြည်သူတွေကို တရားစွဲဆိုတယ်လို့ ကျွန်တော့်အနေနဲ့ ခံစားရပါတယ်။ ဒီမိုကရေစီစနစ်မှာ လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်ဟာ သူ့ရဲ့တာဝန်နဲ့ လုပ် ပိုင်ခွင့်အပေါ်မှာ မူတည်ပြီး ပြောဆိုနေ တာဖြစ်ပါတယ်။ အဲဒီပြောဆိုမှုတွေကို ၅ဝ၅(ခ)နဲ့
တရားစွဲတယ်ဆိုရင် ဒီမိုက ရေစီ နောက်ပြန်ဆွဲနေသလား။ ပြည်သူ တွေမပြောရဲမဆိုရဲအောင် လုပ်နေသလား ဆိုတာတွေကို ကျွန်တော့်အနေနဲ့ သံသယ ကြီးထွားစေပါတယ်။ အခုလို ပြည်သူ တွေရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ ကို တရားစွဲဆိုမှုမျိုးရှိနေတာတွေဟာ ဒီမိုကရေစီ သွားနေတဲ့လမ်းကြောင်းမှာ ၂ဝ၂ဝ ရွေးကောက်ပွဲအတွင်း လွတ်လပ် ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင် ပါ့မလားလို့ ကျွန်တော်တို့အနေနဲ့ သံသယ ကြီးထွားစေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုက်တွန်းလိုတာကတော့ တာဝန်ရှိသူတွေအနေနဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေနဲ့အညီ တတ်နိုင်သမျှ ပိုင်းခြား ခွဲဝေကျင့်သုံးတယ်လို့ဆိုတဲ့ သတ်မှတ် ပြဋ္ဌာန်းချက်နဲ့အညီ မရှိဘဲ၊ အမိန့်ပေးစေ ခိုင်းမှုမရှိဘဲ တရားစီရင်ရေးအပိုင်းက လွတ်လွတ်လပ်လပ် စီရင်ဆောင်ရွက်ပေး မယ်ဆိုရင် ဥပဒေရဲ့ကင်းလွတ်ခွင့်ကို ရရှိ နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ပြည်သူ့ ကိုယ်စားလှယ်တစ်ယောက်ကိုလည်း ပြည်သူ့ကိုယ်စားလှယ်တစ်ယောက် ဖြစ် နေပါလားဆိုတဲ့အသိနဲ့ ဥပဒေရဲ့ ကင်း လွတ်ခွင့်ကို ပေးနိုင်အောင်လို့လည်း ဦး စားပေးပါလို့ ကျွန်တော်တို့အနေနဲ့ တိုက် တွန်းပြောကြားချင်ပါတယ်။
မေး- ပြည်ခိုင်ဖြိုးပါတီက တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်ကို
တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး လက်ရှိပြည် သူတွေကြားမှာ ပျံ့နှံ့နေသည့်အပြင် ပြည် ခိုင်ဖြိုးပါတီကိုလည်း ပြောဆိုမှုတွေ အနည်းငယ်ရှိလာပါတယ်။ ဒါနဲ့ပတ် သက်လို့ ပြည်ခိုင်ဖြိုးပါတီက တာဝန်ရှိ သူတစ်ဦးအနေနဲ့ ပြည်သူတွေကို ဘာများ ပြောချင်လဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ကျွန်တော်တို့ပါတီက ဥပဒေနဲ့အညီ ရပ်တည်ဆောင်ရွက်နေတဲ့ ပါတီ
ဖြစ်ပါတယ်။ အစိုးရရဲ့ လက်ရှိဖြစ်ပေါ် နေတဲ့ ပကတိအခြေအနေကို ပြော ကြားမှု၊ ဆောင်ရွက်မှုဟာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး အနေနဲ့ရော၊ နိုင်ငံ သားတစ်ဦးအနေနဲ့ပါ လွတ်လွတ်လပ် လပ် ထောက်ပြဝေဖန်ပိုင်ခွင့်ရှိပါတယ်။ ဒါကလည်း ဒီမိုကရေစီစနစ်ရဲ့ ကျင့်စဉ် တစ်ခုဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ပြော ရရင် ဒီမိုကရေစီဆိုပြီး အော်နေတဲ့ပုဂ္ဂိုလ် များက သူတို့အတိုက်အခံဘဝမှာ ဘယ် လိုတွေပြောခဲ့ဆိုခဲ့သလဲ။ ဘယ်လိုတွေ ရပ်တည်ခဲ့သလဲ။ သူတို့တာဝန်ယူဆောင် ရွက်ချိန်က ဒီလိုသတိပေးမှုတွေ ရှိခဲ့ သလားဆိုတာတွေကို ကျွန်တော်တို့အနေ နဲ့ ပြန်ပြီးမေးခွန်း ထုတ်ရမှာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဆိုလိုတာက မိမိ အာဏာရသည်ဖြစ်စေ၊ အာဏာမရှိသည် ဖြစ်စေ အတိုက်အခံ ဘဝပဲဖြစ်ဖြစ် ကျွန် တော်တို့လို ယဉ်ကျေးမှုမျိုးကို တည် ဆောက်နိုင်အောင်လို့ ကြိုးစားပေးပါလို့ ပထမအချက်အနေနဲ့ ပြောကြားလိုပါ တယ်။ ဒုတိယအချက်ကတော့ ကိုယ်မှ မလုပ်ရရင် ပတ်မကြီးကို ထိုးဖောက် မယ်ဆိုတဲ့ အပြောအဆို၊ အမူအကျင့်မျိုး ကျွန်တော်တို့ပါတီက ဘယ်တော့မှမလုပ် ဘူးဆိုတာကိုလည်း ပြောကြားချင်ပါ တယ်။ ပြီးတော့ လူမှုကွန်ရက်စာမျက် နှာတွေမှာ ဒါနဲ့ပတ်သက်လို့ ပြည်သူတွေ ပြောကြားတယ်ဆိုတာထက် ပြည်သူ အယောင်ဆောင်ထားတဲ့ ပုဂ္ဂိုလ်များပြော ကြားချက် ဖြစ်တယ်လို့ပဲ ကျွန်တော့်အနေ နဲ့ မြင်ပါတယ်။
မေး။ အခုလို ပြောကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ။ ကျေးဇူးတင်ပါတယ်။