images
UN
UN
ဝါးခယ်မမြို့နယ်အတွင်း ရပ်ကွက် ကျေးရွာအသီးသီး၌ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးတိုက်ကျွေးပေးနေ
လွှမ်းသီဟ(ဝါးခယ်မ) Tuesday, 22 January 2019
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် အတွင်းမှ ဒေသခံပြည်သူများ ဆင်ခြေထောက်ရောဂါ ကာကွယ် နိုင်စေရေးအတွက် သန်ချဆေး ပေါင်းတိုက်ကျွေးမှုကို ယနေ့ ညနေမှ စကာ ရပ်ကွက်၊ ကျေးရွာ အသီးသီး၌ တစ်ပြိုင်နက် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ဆင်ခြေထောက်ရောဂါသည် သွေးကြောထဲတွင်နေသော သန် ကောင်ကြောင့် ဖြစ်ပွားပြီး ဆင် ခြေထောက်ရောဂါပိုးရှိသောသူကို ကိုက်သော ကျုးလက်စ်ခြင်မှတစ် ဆင့် အခြားသူများအား ရောဂါ ကူးစက်စေနိုင်ကြောင်း၊ ကြိုတင် ကာကွယ်မထားပါက ကြောက် စရာကောင်းသော ဆင်ခြေထောက် ရောဂါကို ကြုံတွေ့ခံစားရနိုင် ကြောင်း၊ ထို့ကြောင့် ရောဂါကာ ကွယ်ရန်အတွက် Albendazole ဆေးပြားနှင့် DEC ဆေးပြားများ ကို အသက်အလိုက် မှန်ကန်စွာ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဆင်ခြေထောက် ရောဂါကာကွယ်ဆေး တိုက်ကျွေးမှု ကို အသက်အုပ်စုအနေဖြင့် နှစ်နှစ် မှ ငါးနှစ်အထိ၊ ခြောက်နှစ်မှ ၁၄ နှစ်၊ ၁၅ နှစ်နှင့်အထက် ခွဲခြား ထားပြီး အသက် နှစ်နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ ရောဂါတစ်ခုခုကို ဆိုး ရွားစွာ ခံစားနေရသူများမှလွဲ၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များအားလုံးကို တိုက်ကျွေးပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်ခြေထောက်ကာကွယ်ဆေး တိုက်ကျွေးရာတွင် မြို့နယ်ကျန်း မာရေးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များ စုပေါင်းပြီး ရပ် ကွက်၊ ကျေးရွာများ၌ တစ်အိမ် တက်ဆင်း လိုက်လံကာ ယခုလ ၃၁ ရက်အထိ တိုက်ကျွေးပေး လျက်ရှိကြောင်း သိရသည်။