images
UN
UN
ခေါင်းဆောင်ကောင်းနှင့် နိုင်ငံ့အနာဂတ်
မောင်သာအေး(နိုင်ငံရေးသိပ္ပံ) Wednesday, 23 January 2019
ခေါင်းဆောင်ဟူသော ဝေါဟာရကို အင်္ဂလိပ်ဘာသာစကားဖြင့် Leader ဟု သုံး သည်။Lead လုပ်သောသူသည Leaderဖြစ်သည်။ Lead လုပ်ခြင်းသည် ရှေ့ဆောင် ခြင်း၊ ရှေ့ကဦးဆောင်ခြင်း၊ ခေါင်းဆောင် ခြင်းဖြစ်၍ Leader ခေါင်းဆောင်သူ၊ ဦးဆောင်သူ၊ ရှေ့ဆောင်ရှေ့ရွက်ပြုသူ ခေါင်းဆောင်ဟု အနက်အဓိပ္ပာယ်ဖွင့်ဆိုနိုင် ပါသည်။
အဖွဲ့အစည်း၊ အသင်းအပင်း စသည့် အစုအဖွဲ့များသည် ဦးတည်ချက်၊ ရည်ရွယ် ချက်တို့ထားရှိကာ ရှေ့ခရီးကို လျှောက်လှမ်း ကြသည်။ ယင်းရည်ရွယ်ချက် ဦးတည်ချက် ပန်းတိုင်ကိုရောက်အောင် လျှောက်လှမ်းကြ ရာ၌ ရှေ့က မားမားမတ်မတ် အရည်အချင်း ပြည့်ဝစွာဦးဆောင်ဦးရွက်ပြုရမည့်သူ (ခေါင်း ဆောင်) လိုအပ်သည်။
ခေါင်းဆောင်မရှိဘဲ အဖွဲ့ဝင်(ငယ်သား၊ နောက်လိုက်) ချည်းဖြစ်နေလျှင် သူတစ်လူ ငါတစ်မင်း၊ တစ်ယောက်တစ်ပေါက်ဖြစ်နေ မည်။ လိုရာခရီးသို့ မရောက်နိုင်ပါ။ ယင်း အစုအဖွဲ့သည် ကြာကြာမခံ ပြိုကွဲပျက်စီး သွားနိုင်ပါသည်။
ခေါင်းဆောင်လုပ်သူသည် မိမိတို့ အစု အဖွဲ့ကြီး၏ ရည်မှန်းဦးတည်ချက် ပေါက် မြောက်အောင်မြင်စေရန် အဖွဲ့သားများကပါ တူညီစိတ်ထား၊ တူညီခံယူချက်၊ တူညီ စေတနာ၊ တူညီဇွဲလုံ့လဝီရိယဖြင့် မိမိနောက် မှ အင်ပြည့်အားပြည့် ထက်ကြပ်ပါဝင် ဆောင်ရွက်အောင်စည်းရုံးသိမ်းသွင်းကွပ်ကဲ ဦးဆောင်ရပါမည်။ဤသည်ပင်လျှင် ခေါင်း ဆောင်၏ အဓိကတာဝန်ဝတ္တရား၊ ခေါင်း ဆောင်၏သွင်ပြင်လက္ခဏာခေါင်းဆောင်၏ အရည်အချင်းကောင်း ဖြစ်ပါသည်။
မြန်မာ့သမိုင်းတစ်လျှောက် ထင်ရှား အောင်မြင်ခဲ့သော စွမ်းရည်မြင့်ခေါင်းဆောင် ကောင်းများ ပေါ်ထွက်ခဲ့ဖူးသည်။ ပုဂံခေတ် တွင် အနော်ရထာမင်းစော၊ တောင်ငူခေတ် တွင် ဘုရင့်နောင်ကျော်ထင်နော်ရထာ၊ ကုန်း ဘောင်ခေတ်တွင် အလောင်းဘုရားဦးအောင် ဇေယျတို့ ဖြစ်ကြသည်။ ထိုမင်းသုံးပါးစလုံး သည် လက်ရုံးရည်၊ နှလုံးရည်ပြည့်စုံကြ လျက် တကွဲတပြား ပြန့်လျက်ရှိနေသော မြန်မာနိုင်ငံတော်ကြီးကို တစုတစည်းတည်း ပေါင်းရုံးတည်ဆောက်နိုင်ခဲ့သည့်မင်းကောင်း မင်းမြတ်များဖြစ်ကြသည်။ နိုင်ငံတော်လုံခြုံ ရေး၊ အေးချမ်းရေး၊ ဖွံ့ဖြိုးရေး စသည့် တိုင်း ကျိုးပြည်ပြု လုပ်ငန်းများ၌ ပြောင်ပြောင် မြောက်မြောက် ဦးဆောင်စီမံနိုင်ခဲ့ကြသည်။ သာသနာတော်ကိုလည်း ချီးမြှောက်ခဲ့ကြ သည်။
မြန်မာ့သမိုင်း (ရာဇဝင်)အရ ကျန်စစ် သား၊ အလောင်းစည်သူ၊ သာလွန်မင်း၊ ဆင် ဖြူရှင်၊ မင်းတုန်းမင်းကြီး စသည့် တိုင်းပြု ပြည်ပြု သာသနာပြုမင်းများလည်း ရှိခဲ့ ကြောင်း သိရသည်။ သမိုင်းကို ပြန်ကြည့် လျှင် မည်သူသည် ခေါင်းဆောင်ကောင်း ဖြစ်သည်။ မည်ဝါတို့က ခေါင်းဆောင်ညံ့၊ ခေါင်းဆောင်ဆိုးများဖြစ်သည်ကို သိနိုင်ကြ ပါသည်။
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် နိုင်ငံနှင့် စွန့်လွှတ်စွန့်စား (ကိုယ်ကျိုးမငဲ့) ဆောင်ရွက်ခဲ့ကြသော ခေါင်းဆောင်များရှိခဲ့ သည်။ ခေါင်းဆောင်တစ်ယောက် ဖြစ်လာ ကြသည့် အခြေခံအရည်အချင်းတစ်ရပ်မှာ ငယ်သားကောင်းဖြစ်ခဲ့သည်ဟူသော အရည် အချင်းပင်ဖြစ်သည်။
တွေးခေါ်ရှင်ပလေတို၏အလိုအရ 'အုပ် ချုပ်သူ လူတန်းစားသည် အရည်အချင်းရှိ သူသာဖြစ်ရမည်။ နိုင်ငံကို အုပ်ချုပ်သူသည် နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်စွမ်းရှိသူ ဖြစ်ရမည်။
နိုင်ငံဖရိုဖရဲဖြစ် ခြင်းသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ကစဥ့် ကလျား ဖြစ်နေမှုကစတင်သည်။ တစ်နေရာ မှ တစ်နေရာသို့ အတင်းအဓမ္မရယူလိုလျှင် ယိမ်းယိုင်မှု ရှိလာမည်သာဖြစ်သည်' ဟု ဆိုသည်။
ပလေတို၏အလိုအရအုပ်ချုပ်သူဆိုသည် မှာ ပညာတတ်ရမည်။ မြင်ရသည့် လောက သာမက မမြင်ရသည့် လောကကိုပါ ရှုမြင် သုံးသပ်နိုင်စွမ်းရှိရမည်။ ပြည်သူ့သဘော ထားကို သိရမည်။ ကိုယ့်ပတ်ဝန်းကျင်နှင့် နိုင်ငံ့ဝန်းကျင် ဖြစ်ပျက်သမျှကို သိနိုင်စွမ်းရ မည်။ တိုင်းပြည်အုပ်ချုပ်နိုင်မည့်သူဆိုသည် မှာ အသိအဆင့်ဆင့်မြင့်တက်သည့် သဘော ဖြင့် အမှန်အမှန်အတိုင်း၊ အရှိအရှိအတိုင်း၊ အဖြစ်အဖြစ်အတိုင်း သိမြင်နိုင်စွမ်းရှိပြီး ကောင်းကျိုးဆိုးပြစ်ဝေဖန်ပိုင်းခြားတတ်ကာ အုပ်ချုပ်နိုင်စွမ်းရှိသူကို ခေါ်ဆိုသည်''ဟု ဆိုသည်။ အရပ်စကားနှင့်ဆိုရလျှင် အောက် သက်ကျေခဲ့ခြင်းဖြစ်သည်။
အောက်သက်ကျေပြီး နောက်လိုက် ကောင်းအဖြစ် ရိုးသားကြိုးစားလုပ်ဆောင် ခဲ့ရာတွင် အတွေ့အကြုံကောင်းရှိသည်။ နောက်လိုက်ငယ်သားများအပေါ် စာနာ တတ်သည်။ ထိုခေါင်းဆောင်မျိုးသည် ငယ် သားနှင့်ကင်းကွာ၊ ခါးပြတ်သော ခေါင်း ဆောင်မျိုးမဟုတ်။ ငယ်သားနောက်လိုက်၊ အောက်ခြေ၊ အဖွဲ့ဝင်တို့အပေါ် စာနာတတ် ၍ အပြန်အလှန်ယုံကြည်မှု၊ လေ့လာမှုတည် ဆောက်ရယူနိုင်စွမ်းရှိသည်။ ဘေးကဝင်၍ သွေးခွဲ၊ သပ်လျှိုမှုများကို အဖွဲ့ဝင်တို့ကိုယ် တိုင်က လက်ခံမည်မဟုတ်။
ငယ်သား၊ နောက်လိုက်အဖွဲ့ဝင်အဖြစ် စည်းကမ်းလိုက်နာကျင့်ဝတ်သိက္ခာ စောင့် စည်း၊ သစ္စာစောင့်သိ၊ ပေးအပ်သောတာဝန် ကို အကောင်းဆုံးကျေပွန်စွာ ဆောင်ရွက် ခဲ့သူသည် ခေါင်းဆောင်ဖြစ်လာသောအခါ နိုင်ငံအဖွဲ့အစည်းစသည်တို့ကို စည်းကမ်း ကျင့်ဝတ်သိက္ခာနှင့်အညီ ထူးချွန်ထက်မြက် ပြောင်မြောက်စွာ ဦးဆောင်နိုင်ပါသည်။
ဆိုရရင်ခေါင်းဆောင်ဟူသည်-
(၁) ကိုယ်တိုင်က ကိုယ်ကျင့်သိက္ခာ ကောင်းနေရမည်။
(၂) ဝတ်စားသွားလာနေထိုင်၊ ပြောဆို၊ လုပ်ကိုင်ရာ၌ အများက လေးစား သင့်ပြီး စံပြဖြစ်နေရမည်။
(၃) ခေါင်းဆောင်သည် အသိဗဟုသုတ ပြည့်စုံအောင် အစဉ်ဆည်းပူးလေ့လာ ပွား များအပ်သည်။ များများဖတ်၊ များများမှတ်၊ များများဝေဖန်သုံးသပ် နေအပ်သည်။
(၄) မိမိဦးဆောင်ရမည့် လုပ်ငန်းစဉ်၊ ဦးတည်ချက်တာဝန်၊ အလုပ်ကို ပြည့်စုံမှန်ကန်သေချာစွာသိပါ။
(၅) သဘောတရား(အသိ)ကို လက်တွေ့ (အလုပ်)နှင့်ပေါင်းစပ်တတ်ပါစေ။
(၆) တိကျပြတ်သားစွာ အချိန်မီ စဉ်းစား သုံးသပ်ဆုံးဖြတ်ပါ။ ဆုံးဖြတ်ချက်မှန် ပါစေ။ အသိမှန်၊ အတွေးမှန်လျှင် ဆုံးဖြတ်ချက်မှန်မည်။ အလုပ်မှန် မည်။
(၇) တာဝန်ယူတတ်ပါ။ ထမင်းရည်ပူ လျှာလွှဲ၊ ဆင်ဝှေ့ရန်ရှောင်၊ ကိုယ် လွတ်မရုန်းပါနှင့်။
(၈) နိုင်ငံနှင့်ပြည်သူတို့အပေါ် အမျိုးသား ရေးခံယူချက်ဖြင့် အလေးထားပြီး လုပ်ဆောင်ပါ။ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ ပါတီစွဲ၊ ပယောဂအစွဲ တို့ကြောင့် အမျိုးသားရေးအမြင်ကို မသွေဖည်ပါနှင့်။
(၉) နောက်လိုက်တို့၏စံပြု၊ နောက်လိုက် တို့၏ ခေါင်းဆောင်ဖြစ်လာစေပြီး နောက်လိုက်(ငယ်သား၊ အဖွဲ့ဝင်) တို့၏အစွမ်းအစကို စည်းရုံးမှု၊ ပညာ ပေးမှုတို့ဖြင့် မှန်ကန်စွာ အသုံးချ တတ်ပါစေ။
(၁ဝ) ငယ်သား၊ အဖွဲ့သား၊ နောက်လိုက်၊ အောက်ခြေတို့ကို စည်းရုံးသိမ်းသွင်း ဦးဆောင်နိုင်ရန် ထိုအဖွဲ့သားအများ ၏ဆန္ဒ၊ စိတ်ထား၊ စရိုက်လက္ခဏာ တို့ကို သိနေရပါမည်။
(၁၁) ထြ<ွကနိုးကြား၊သနားသည်းခံ၊ ဝေဖန် ထောက်ရှု ဤခြောက်ခု ကြီးသူ့အင်္ဂါ နာယကဆိုသည့်အတိုင်း နာယက ဂုဏ်နှင့်ညီညွတ်အောင် နေရပါမည်။
(၁၂) မိမိကိုယ်တိုင် လုပ်ငန်းတာဝန်အပေါ် စေတနာထားပြီး တာဝန်သိသိဆောင် ရွက်ကာ အဖွဲ့သားများက အလားတူ စေတနာရှိရှိ၊တာဝန်သိသိဆောင်ရွက် လာအောင် သိမ်းသွင်းစည်းရုံးပါ။
(၁၃) ခေါင်းဆောင်များသည် အန္တရာယ်၊ အခက်အခဲ၊ အကျပ်အတည်းတို့နှင့် ကြုံရတတ်သည်။ ထိုအခါ ခေါင်း အေးအေးဖြင့် ယင်းအခြေအနေကို ကျော်လွှားနိုင်အောင်စဉ်းစားဆုံးဖြတ် လုပ်ကိုင်ပါ။အချိန်မနှောင်းပါစေနှင့်။ ယင်းသို့ အတားအဆီး အခက်အခဲ ကျော်ဖြတ်ရာ၌ အဖွဲ့သားများ စိတ် အားထက်သန်စွာ ပါဝင်လာပါစေ။
(၁၄) ခေါင်းဆောင်သည် စိတ်ဓာတ်မပျော့ ညံ့ရပါ။ စိတ်ဓာတ်ကြံ့ခိုင်ရမည်။ အခက်အခဲကြုံအန္တရာယ်တွေ့၊ အကျပ် အတည်းရင်ဆိုင်ရရုံနှင့် စိတ်ဓာတ်ကျ သွားလျှင် မိမိနောက်မှ တစ်ဖွဲ့လုံး ကိုပါ စိတ်ဓာတ်ကျသွားစေပါသည်။ နောက်ဆုတ်သွားစေမည်ဖြစ်သည်။
(၁၅) အဖွဲ့သားတို့၏ သာရေး၊ နာရေးများ ကို ဂရုစိုက်ပြီး ကြည့်ပါ။ ကူညီပါ။
(၁၆) စည်းရုံးရာ၌ မျက်နှာထားချိုပြီး (ဖိုးလမင်းကဲ့သို့) စည်းရုံးရပါမည်။ စည်းကမ်းထိန်းရာလုပ်ငန်းလုပ်ဆောင် ရာ၌မူ တိကျစွာ(နေမင်းကဲ့သို့) ပြော ဆိုဆက်ဆံ တိုက်တွန်းတာဝန်ပေးပါ။ ညွှန်ကြားစရာရှိလျှင် တိကျပြတ်သား စွာ ညွှန်ကြားပါ။
(၁၇) နိုင်ငံဆိုလျှင် နိုင်ငံချစ်စိတ် မျိုးချစ် စိတ်အဖွဲ့အစည်းဆိုလျှင် အဖွဲ့အစည်း စိတ်ဓာတ်နှင့်မျိုးချစ်စိတ်ဓာတ်မပြတ် တိုးပွားနေအောင် ပျိုးထောင်လေ့ကျင့် ပေးခြင်းဖြင့် တက်ြ<ွကထက်မြက်ကာ တာဝန်သိ၊ သစ္စာရှိသော အဖွဲ့သား များ ဖြစ်လာပါစေ။
(၁၈) မအောင်မမြင် ကျဆုံးသော ခေါင်း ဆောင်ဖြစ်မလာစေရန် ရှောင်ကြဉ် ရမည်မှာ မိမိကိုယ်တိုင် မိမိအလုပ် တာဝန်ကို နားမလည်ခြင်း၊ အလုပ် တာဝန်ကိုစိတ်မဝင်စားခြင်း၊ တာဝန် ရှောင်(ခေါင်းရှောင်)တတ်ခြင်း၊ ရှေ့ နောက်မညီမညွတ် ပြောဆိုကျင့်ကြံ ပြုမူခြင်း၊ အပြောနှင့်အလုပ် မညီ ခြင်း၊ မောက်မာခြင်း၊ ကိုယ်တိုင်က ထောင့်မကျိုးခြင်း၊ အပြောအဆို အပြုအမူ လုပ်ကိုင်ပုံ ရင့်သီးရိုင်းပျ ကြမ်းကြုတ်ခြင်း၊ သည်းခံမှုလုံးဝမရှိ ခြင်း၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး ခြင်း၊မာန်စောင်တတ်ခြင်း၊မာနတံခွန် ထူခြင်း(အောက်ခြေလွတ်ခြင်း)၊အများ ကို စည်းကမ်းထိန်းသိမ်းမှုလျော့နည်း ခြင်း၊ငယ်သားများအရေး၌ စိတ်မဝင် စားခြင်း၊ ငယ်သားများအပေါ် ညှာ တာမှုကင်းမဲ့ခြင်း၊ ငယ်သားတို့ စွမ်း ဆောင်မှုကို အချောင်အသားဝင်ယူ ခြင်း၊ငယ်သားများကို အပြစ်ရှာခြင်း၊ ငယ်သားများ၏ယုံကြည်မှု အရမယူ နိုင်ခြင်း၊ မိမိကိုယ်ကျိုးကိုသာ ရှေးရှု လုပ်ကိုင်(ကိုယ်ကျိုးရှာ)ခြင်း၊မိမိကိုယ် တိုင်က အကျင့်ပျက်ပြားခြင်း စသည့် အချက်များဖြစ်သည်။
(၁၉) စည်းရုံးရေးလုပ်ရာ၌ အောက်ခြေ အထိဆင်းပါ။
(၂ဝ) လုပ်ကိုင်ပြီးသမျှ မိမိကိုယ်ကို ဝေဖန် ရေးနှင့်အားလုံးကို ဝေဖန်သုံးသပ်ပြီး အမှားရှိလျှင်ဝန်ခံပါ။ အမှန်ပြင်ပါ။
၂ဝ၂ဝပြည့်နှစ်ရွေးကောက်ပွဲသည် နိုင်ငံ အတွင်း အပြောင်းအလဲများကို ဆောင်ကြဉ်း လာမည့်နည်းတူ အစိုးရအဖွဲ့အတွင်း နေရာ အပြောင်းအလဲ၊ ခေါင်းဆောင်အပြောင်း အလဲများ ရှိလာမည်မှာ သဘာဝကျသည်။ တစ်နည်းဆိုရရင် နိုင်ငံရေးတွင် ဤအချက် မှာ နိယာမတရားတစ်ခုပင်ဖြစ်သည်။ ဤ နည်းအားဖြင့် နိုင်ငံများ၏ ခေါင်းဆောင်များ သည် ပြောင်းလဲနေကြခြင်းဖြစ်သည်။ ဆိုရ ရင် နိုင်ငံတော်ကိုဦးဆောင်ကြသည့် နိုင်ငံ့ ခေါင်းဆောင်များသည် ဖော်ပြပါခေါင်းဆောင် အရည်အချင်းများနှင့်ပြည့်စုံရန်လိုအပ်သည်။
ဆိုရရင် နိုင်ငံကို ဦးဆောင်ကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် နိုင်ငံ့အပေါ် ပြည်သူလူထ