images
UN
UN
အခြေခံပညာမူလတန်းအဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကျင်းပ
ကိုကိုနိုင်(မိုင်းယု) Thursday, 24 January 2019
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာ ချီလိတ်ခရိုင် မိုင်းယုမြို့ အုပ်စု(၁) အခြေခံပညာမူလတန်းကျောင်း မူလတန်းအဆင့်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ယမန်နေ့က ဝမ်တာကြန့်ကျေးရွာအုပ်စု ဝမ်တာ ကြန့်ကျေးရွာရှိ အခြေခံပညာမူလ တန်းကျောင်းတွင်း၌ ပြုလုပ်ခဲ့ သည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် မီတာ ၅ဝ၊ ၇၅၊ ၁ဝဝ၊ ၂ဝဝ အပြေး၊ အိတ်စွပ်၊ ကြိုးသီ၊ ကျား အင်္ကျီဝတ်နှင့် မုန့်စားပြိုင်ပွဲစသည့် ပြိုင်ပွဲများပါဝင်ပြီး ဆုများရရှိသည့် ကျောင်းသား ကျောင်းသူများအား အုပ်စု(၁)အခြေခံပညာမူလတန်း ကျောင်း ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်နေ့၌ ဆုများ အသီးသီးပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။