images
UN
UN
စာပေဟောပြောပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေး တောင်ငူ၌ကျင်းပ
ကျော်လှ(တောင်ငူ) Friday, 25 January 2019

တောင်ငူမြို့နယ် စာရေးဆရာ အသင်းမှကြီးမှူး၍ ၂ဝ၁၉ ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် စာပေ ဟောပြောပွဲကျင်းပရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ကန်တော် ကြီး ဓာတုကလျာလမ်းရှိ သမာဓိ ဂေဟာ၌ကျင်းပရာတောင်ငူမြို့နယ် စာရေးဆရာအသင်း နာယက ဦးကျော်လှ(သမာဓိ)နှင့် အသင်း ဥက္ကဋ္ဌဦးစံလှ(စံ-ကေတု)တို့က အသီးသီးအဖွင့်အမှာစကား ပြော ကြားကြသည်။
အစည်းအဝေးပွဲမှာဖေဖော်ဝါရီ ၂ ရက် (စနေနေ့)ည ၇ နာရီတွင် တောင်ငူမြို့ ခပေါင်းခန်းမ၌ စာရေး ဆရာများဖြစ်ကြသော မြင်းမူမောင် နိုင်မိုး၊မောင်ငြိမ်းသူ(ကြို့ပင်ကောက်) နှင့် အကယ်ဒမီ ဆွေဇင်ထိုက်တို့က စာပေရေးရာများကို အသီးသီး ဟောပြောကြမည်ဖြစ်ကြောင်း သိရသည်။