images
UN
UN
ရှေးဟောင်းဘုရားပုထိုးစေတီတော်များနှင့် ကျောက်နံရံပန်းဆွဲပန်းခက်များကို ခရီးသွားနိုင်ငံခြားသားများနှင့် ဘုရားဖူးပြည်သူများစိတ်ဝင်စား
ကျော်ကျော်(မလိုင်) Friday, 25 January 2019
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ပိတ်ချင်းမြောင် မဟာနန္ဒမူလိုဏ်ဂူတော်အတွင်းရှိ ရှေးဟောင်းဘုရားပုထိုးစေတီတော် များနှင့် ရှေးခေတ်လက်ရာကျောက် နံရံပန်းဆွဲပန်းခက်များကို ခရီးသွား နိုင်ငံခြားသားများနှင့် ဘုရားဖူးပြည်သူများစိတ်ဝင်စားသကဲ့သို့ သုံးထပ်ဆင့်ရေတံခွန်သို့ လာရောက်လေ့လာအပန်းဖြေသူများပြား ကြောင်းသိရသည်။ ''ကျွန်မတို့က ထိုင်းနိုင်ငံကလာရောက်ကြတာပါ။ မြန်မာပြည်ရောက်ရင် ပထမအနေဖြင့် ရှေးဟောင်းဘုရားများ စွာတည်ရှိနေတဲ့ ပုဂံယဉ်ကျေးမှု ဒေသကိုအရင်သွားမှာပါ။ ဒုတိယ အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာတည်ရှိနေတဲ့ အင်းဝမြို့ ဟောင်းနဲ့ ပြင်ဦးလွင်မြို့နယ်မှာ တည်ရှိနေတဲ့ ပိတ်ချင်းမြောင် မဟာနန္ဒမူလိုဏ်ဂူတော် အတွင်းမှာရှိတဲ့ ရှေးဟောင်းဘုရားပုထိုးစေတီ များ ရှေးဟောင်းကျောက်သားနံရံကြီးများ၊ ကျောက်သား ကျောက် ခက်များကို သွားရောက်လေ့လာ မှတ်တမ်းတင်ပါလို့ ကျွန်မတို့ ဆွေ မျိုးတွေက ပြောပြထားလို့ ယခုလိုခရီးသွားကုမ္ပဏီအစီအစဉ်နဲ့ ယခု လိုလာရောက်လေ့လာကြတာပါ။ တကယ်ကို စိတ်ဝင်စားစရာတွေ များပြားနေတာလည်း တွေ့ရပါတယ်။ ပြင်ဦးလွင်ရှိ သမိုင်းဝင် နေရာတွေ အင်းဝမြို့ဟောင်းအစရှိတဲ့ နေရာတွေကိုသွားရောက် လေ့လာသွားမှာပါ''ဟု ခရီးသွားထိုင်းနိုင်ငံသူတစ်ဦးကပြောသည်။ ''သမီးတို့အဖွဲ့က ရန်ကုန်ကလာကြတာပါ။ ပြင်ဦးလွင်မြို့ ပန်းပွဲ တော်ကိုလာရင်းနဲ့ ယခုလိုပိတ်ချင်းမြောင်မဟာနန္ဒမူလိုဏ်ဂူတော် အတွင်းက ရှေးဟောင်းဘုရားများနဲ့ ရှေးခေတ်ကျောက်နံရံကျောက် ပန်းခက်များကိုလာရောက်ဖူးမြော် လေ့လာကြတာပါ။ ပြင်ဦးလွင်မြို့ နယ်ကို ခဏခဏရောက်ပေမယ့် ပိတ်ချင်းမြောင်မှာရှိတဲ့ ဒီဂူဘုရား များကို လာရောက်ဖူးမြော်တာ ဒါပထမဆုံးပါ။ ပိတ်ချင်းမြောင် သုံးထပ်ရေတံခွန်ဟာလည်း မြန်မာပြည်မှာမသိသူမရှိသလောက်ဆို တော့သွားဖူးတယ်ရှိအောင် လာရောက်ကြတာပါ။ ဒါပေမဲ့ ပိတ် ချင်းမြောင်ရှိ မဟာနန္ဒမူလိုဏ်ဂူအထဲဝင်ရင် ကင်မရာကိုင်ဆောင် သူမှန်သမျှကင်မရာအခွန်ပေးဆောင်ပြီးမှ ဓာတ်ပုံရိုက်လို့ရတာတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ အများပြည်သူဘုရားဖူးလေ့လာ သူမှန် သမျှ မိမိတို့လာရောက်တဲ့ ရူခင်းများ ရှေးဟောင်းနေရာတွေကို မှတ်တမ်းဓာတ်ပုံတော့ရိုက်ကြမှာပါ။ ဒါကိုကင်မရာခွန်ပေး ဆောင်ရိုက် ရတာဟာမဖြစ်သင့်ပါဘူး''ဟု ရန်ကုန်မြို့မှ လာရောက်လေ့လာသူ မီဒီယာတစ်ဦးက ပြောသည်။
ပိတ်ချင်းမြောင် မဟာနန္ဒမူလိုဏ်ဂူတော်ကြီးနှင့်သုံးထပ်ဆင့်ရေ တံခွန်ကို နှစ်စဉ်ခရီးသွားနိုင်ငံခြားသားများဘုရားဖူးပြည်သူများ မပြတ် လာရောက် အပန်းဖြေလေ့ရှိကြသကဲ့သို့ သုံးထပ်ဆင့်ရေတံခွန်ကြီး တွင်လည်း ပြည်သူများ ယခုနှစ်ပိုင်းအစများတွင် လာရောက်လေ့လာ သူများပြားလျက်ရှိကြောင်း သိရသည်။