images
UN
UN
ရန်ကုန်မြို့တော်ဝန် နုတ်ထွက်ပေးရေး ဆန္ဒဖော်ထုတ်
မေနဒီမြနွယ် Thursday, 31 January 2019
ရန်ကုန်မြို့တော်ဝန် နုတ်ထွက်ပေးရေးအတွက် မိဘမေတ္တာ ကမ်းဆင့်လက်များ ပရဟိတအသင်းမှ ဥက္ကဋ္ဌဖြစ်သူ ဦးညီညီ ထွန်း အပါအဝင် သုံးဦးက ယနေ့နံနက် ၉ နာရီခွဲခန့်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းမှ မြို့တော်ခန်းမအရှေ့အထိ ချီတက်လမ်းလျှောက် ဆန္ဒဖော်ထုတ် ခဲ့ကြောင်း ဦးညီညီထွန်း၏ပြောကြားချက်အရ သိရသည်။
ဆန္ဒဖော်ထုတ်ရခြင်းနှင့်ပတ်သက်ပြီး ဦးညီညီထွန်းက ''အခုလက်ရှိ မြို့တော်ဝန်နုတ်ထွက်ပေးရေးကို ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ခဲ့ရာမှာ ၂ဝ၁၆ ခုနှစ်ကတည်းက ပြခဲ့တာ အခုနဲ့ဆို ခုနစ်ကြိမ်ရှိနေပြီ။ ဟိုလို စစ် ဒီလိုစစ်နဲ့ပဲ ပြီးသွားတယ်။ ကိုယ်လိုချင်တဲ့ လမ်းကြောင်းပေါ် ကို အခုအထိ မရောက်နိုင်သေးတဲ့ အတွက် အခုလိုဆန္ဒဖော်ထုတ်ပွဲကို ဆက်လက်လုပ်ဆောင်နေတာဖြစ် ပါတယ်''ဟု ၄င်းက ပြောသည်။
ထိုကဲ့သို့ဆန္ဒဖော်ထုတ်ရာတွင် ဦးညီညီထွန်းအပါအဝင် သုံးဦးက ဗီနိုင်းပါစာသားများ ဖြစ်သော တရားပွဲများ ကျင်းပရာတွင် မလို လားအပ်သော ပိတ်ပင်တားဆီးမှု များအား ဖယ်ရှားပေးရန်၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရ ပြည်သူ့ အသံနားထောင်ရန်၊ ကုန်ဈေးနှုန်း ကျဆင်းအောင် ပထမဦးစားပေး ဆောင်ရွက်ရန်၊ တရားဥပဒေစိုးမိုး ရေး အလေးထားဆောင်ရွက်ရန်၊ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်သူများနှင့် အမြတ်ကြီး စား လူလိမ်ကန်ထရိုက်များကို ထိ ရောက်စွာအရေးယူပေးရန်၊ တရား စီရင်ရေးတွင် ဘက်လိုက်မှုမရှိဘဲ မှန်မှန်ကန်ကန်မျှမျှတတ ဆောင် ရွက်ပေးရန်၊ ရဲတပ်ဖွဲ့ဝင်များအနေ ဖြင့် ပြည်သူများက အမှုဖွင့်တိုင် ကြားလာပါက ဥပဒေနှင့်အညီ ကြည်ကြည်ဖြူဖြူ ဆောင်ရွက်ပေး ရန်၊ ရာထူးအာဏာဖြင့် မခြိမ်း ခြောက်ရန်၊ အခွန်အခများကြောင့် ဆင်းရဲသား ပြည်သူများ ဒုက္ခ မရောက်စေရန် ကာကွယ်ပေးရန်၊ ပြည်သူ့အရေး လှုပ်ရှားသူများအား မတရားသောပုဒ်မများ တပ်၍ တရားစွဲဆိုနေခြင်းကို ရုပ်သိမ်းပေး ရန် အပါအဝင်အချက် ၁၄ ချက် ကိုတောင်းဆို၍ ချီတက်လမ်း လျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။