images
UN
UN
iPhone မော်ဒယ်သစ်တွင် ကင်မရာသုံးလုံးပေါင်းစည်းထားသည့်စနစ် ပါဝင်လာဖွယ်ရှိ
Friday, 01 February 2019
ယခုနှစ်အတွင်း ဈေးကွက်တင်မည့် iPhone မော်ဒယ်သစ်တွင် ကင်မရာပိုင်းအဆင့်မြှင့်တင်မှုများကို ဦးစားပေးလုပ်ဆောင်ရန် Apple ကုမ္ပဏီက ပြင်ဆင်လျက်ရှိပြီး ကင်မရာသုံးလုံးပေါင်းစည်းထားသည့် စနစ်အား ထည့်သွင်းပေးဖွယ်ရှိကြောင်း အမေရိကန်နေ့စဉ်သတင်းဌာန က ဖော်ပြသည်။
ယမန်နှစ်က ဖြန့်ချိခဲ့သော iPhone မော်ဒယ်သစ်သုံးမျိုးထဲမှ အရည် အသွေးအမြင့်ဆုံးမော်ဒယ်တွင် အသုံးပြုခဲ့သည့် မှန်ဘီလူးနှစ်ခုပါဝင် သော ကင်မရာစနစ်အား အခြေခံကာ ကင်မရာသုံးလုံးပေါင်းစည်း ထားသည့် စနစ်ကို ထည့်သွင်းရန် Apple ကုမ္ပဏီဘက်မှ ရည်မှန်းနေ ခြင်းဖြစ်သည်။ ကင်မရာသုံးလုံးမှ ဖမ်းယူရရှိခဲ့သော ပုံရိပ်များကို အကောင်းဆုံးဓာတ်ပုံတစ်ပုံဖြစ်လာစေရန်အတွက် ပေါင်းစပ်ဖန်တီးပေး သည့်စနစ်ကို တည်ဆောက်ရာ၌ အခက်အခဲအချို့ ရင်ဆိုင်ရဖွယ်ရှိသော် လည်း Apple ကုမ္ပဏီသည် လွန်ခဲ့သည့် သုံးနှစ်ခန့်မှစတင်ကာ မတူ ညီသည့်ကင်မရာများမှ ဖမ်းယူရရှိသော ပုံရိပ်များကို အကောင်းဆုံး ပေါင်းစည်းနိုင်မည့် နည်းပညာအား စမ်းသပ်ခဲ့ခြင်းကြောင့် iPhone မော်ဒယ်သစ်တွင် ကင်မရာသုံးလုံးပါဝင်သည့်စနစ် ပါဝင်လာရန် ဖြစ်နိုင် ခြေမြင့်မားလျက်ရှိသည်။ NG(Ref;USA Today)