images
UN
UN
ပြည်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများတွင် ငွေကြေးနှင့်ဈေးကွက် အသိပညာဗဟုသုတ အားနည်းမှုများရှိနေ
အဖြူရောင် Friday, 01 February 2019
ပြည်တွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများတွင် ငွေ ကြေးအသိပညာဗဟုသုတနှင့် ဈေး ကွက်အသိပညာဗဟုသုတ အား နည်းမှုများရှိနေကြောင်းSME လုပ် ငန်းများအားချေးငွေဝန်ဆောင်မှုပေး နေသည့် ဧရာဝတီဘဏ်မှတာဝန် ရှိသူတစ်ဦးကပြောသည်။
အသေးစားနှင့်အလတ်စားလုပ် ငန်းများဖွံ့ဖြိုးတိုးတက်ရန်ဘဏ်များ မှ ချေးငွေထုတ်ချေးပေးမှုများအား လွန်ခဲ့သည့်တစ်နှစ်ကျော်မှ တွင် ကျယ်စွာ လုပ်ဆောင်လာခဲ့သော် လည်း လက်ရှိအချိန်ထိချေးငွေနှင့် လက်လှမ်းမမီသည့်အသေးစားနှင့် အလတ်စားလုပ်ငန်းများစွာလည်း ရှိနေကြောင်းသိရသည်။
''အတွေ့အကြုံအရ ချေးပေး လိုက်တယ် လုပ်လိုက်တယ်။ တကယ်တမ်းကျဈေးကွက်ကို မရှာ ထားတဲ့ အခက်အခဲတွေရှိတော့ တကယ်တမ်းလုပ်ငန်းတွေလုပ်တဲ့ အခါပစ္စည်းတော့ကောင်းလာတယ်။ ဈေးကွက်ကို ထိုးဖောက်မှုမရှိဘူး။ အရင်ဈေးအတိုင်းပဲ ရောင်းနေမယ် ဆိုရင်သူ့မှာ အလားအလာမရှိတော့ ဘူး။ကိုယ်က SME လုပ်တဲ့အခါ နည်းနည်းပိုပြီး အားယူရတာလေ။ မြန်မာနိုင်ငံမှာဘာတွေ့ရလဲဆိုတော့ ငွေကြေးအသိပညာနည်းနည်းအား နည်းတာလေးတွေ ဈေးကွက်အသိ ပညာတွေ အားနည်းတာတွေ တွေ့ ရတယ်''ဟု ဧရာဝတီဘဏ်မှ မန် နေဂျင်းဒါရိုက်တာ ဦးမြင့်ဇော်က ပြောသည်။
လက်ရှိတွင် ဧရာဝတီဘဏ် အနေဖြင့် AYA SME LOAN နှင့်JICA TOW STEP LOANတို့ ဖြင့်ချေးငွေသက်တမ်းကာလ တစ် နှစ်မှသုံးနှစ်ထိ အနည်းဆုံးကျပ် သိန်း ၅ဝဝဝထိ ထုတ်ပေးမှုရှိပြီး အပေါင်ပစ္စည်းမဲ့ CGI (ချေးငွေ အာမခံ)စနစ်ဖြင့် မြန်မာ့အာမခံနှင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍများ အတွက်USAIDတို့မှချေးငွေအာမခံ ဝန်ဆောင်မှုများ ရယူလျှောက်ထား နိုင်ကြောင်း¤င်းကပြောသည်။