images
UN
UN
မြန်မာ့ပိုးထည်နှင့် သြဂဲနစ်ချည်ထည်ထုတ်လုပ်မှုတွင် ယူကေအစိုးရက ရင်းနှီးမြှုပ်နှံမှုအသစ် စတင်
ဝဿန် Friday, 01 February 2019
မြန်မာနိုင်ငံ၏ ပိုးထည်နှင့် သြဂဲနစ်ချည်ထည် ထုတ်လုပ်မှု အတွက် ကန်ဒေါ်လာ ၁ ဒသမ ၄ မီလီယံဝန်းကျင် ရင်းနှီးမြှုပ်နှံမှု ကိုPragma Ventures Myan-mar၊ Pure Sense Organics Ltd နှင့် ယူကေနိုင်ငံတကာဖွံ့ဖြိုးရေး ဌာန (DFID)၏လုပ်ငန်းအစီအစဉ် တစ်ခုဖြစ်သောDaNa Facilityတို့ ပူးပေါင်းပြီး လာမည့်နှစ်နှစ်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ယမန် နေ့ကသတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့်DaNa Facility သည် Pragma Ventures နှင့် အတူ လက်တွဲ၍ စီးပွားရေးအရ အောင် မြင်သော ပိုးထည်ထုတ်လုပ်ရေး လုပ်ငန်းမှအရည်အသွေးမြင့်ပိုးထည် ကုန်အမှတ်တံဆိပ်များကို ဥရောပ၊ မြောက်အမေရိကနှင့် သြစတြေး လျရှိ အိမ်အလှဆင်ဈေးကွက်သို့ တင်ပို့ရောင်းချသွားမည်ဖြစ်သည်။
DFID ၏ အကြီးအကဲ Dr. Gail Marzetti ကDFID အနေ နဲ့ မြန်မာနိုင်ငံရဲ့ချည်မျှင်နှင့်အထည် အလိပ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံခွင့် ရတာ ဝမ်းသာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံအတွက် စီးပွားရေး ကဏ္ဍအသစ်တစ်ရပ် မဟုတ်ပေ မယ့် အခွင့်အလမ်းကောင်းတွေ အများကြီး ရှိပါတယ်။ အရင် ကတည်းက သမိုင်းကြောင်းတစ် လျှောက်မှာသေသပ်လှပပြီးအရည် အသွေးမြင့်တဲ့အထည် အလိပ်တွေ ကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နှင့် နာဂဒေသအစရှိသည်ဖြင့် နိုင်ငံ တစ်ဝန်းမှာ ထုတ်လုပ်လျက်ရှိပါ တယ်''ဟု ပြောသည်။
Pragma Ventures စီမံကိန်း သည် ချင်းပြည်နယ်ရှိ စိုက်ပျိုးရေး လုပ်ငန်းများမှအစပြု၍ ပိုးထည် ထုတ်လုပ် အချောသတ်ခြင်းအထိ ပိုမိုကောင်းမွန်အောင် ပြုလုပ်ကာ ဒီဇိုင်း၊ ကုန်အမှတ်တံဆိပ် ဖော် ဆောင်ခြင်းနှင့် မြန်မာ့ပိုးထည် ထုတ်ကုန်များကို နိုင်ငံရပ်ခြားတွင် ရောင်းချခြင်းတို့မှ တစ်ဆင့် နိုင်ငံ အတွင်း ပိုးထည်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်မည် ဖြစ်သည်။
သြဂဲနစ် ချည်ထည်ထုတ်လုပ် ရေးအတွက်DaNa Facilityသည် Pure Sense Organics နှင့် ပူးပေါင်း၍ လယ်စိုက်သူများနှင့် ပတ်ဝန်းကျင်ကို အပြုသဘော သက်ရောက်မှုများဖော်ဆောင်ပေး ပြီးနိုင်ငံတကာဝယ်ယူသူဈေးကွက် လိုအပ်ချက်များနှင့် ကိုက်ညီစေ ရန် မြန်မာနိုင်ငံတွင်း မျိုးရိုးဗီဇ ပြောင်းလဲထားခြင်းမရှိသော ကမ္ဘာ လုံးဆိုင်ရာ သြဂဲနစ်အထည် စံနှုန်း (GOTS) အသိအမှတ်ပြု သြော် ဂဲနစ်ချည်ထည်ထုတ်လုပ်မှု တိုးမြင့် လာစေရန် ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။